မင်းလှ၌ ရေနံစိမ်း တင်ဆောင်သည့် ယာဉ်တစ်စီး ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်

မင်းလှ ၂   ဩဂုတ် 


မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့တွင် ဩဂုတ် ၁ ရက် ညပိုင်းက ရေနံစိမ်း တင်ဆောင်လာသည့် ယာဉ်တစ်စီး ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ကြောင်း မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


ဖြစ်စဉ်မှာ ဩဂုတ် ၁ ရက် ည ၈ နာရီက မင်းလှမြို့နယ်၊ ထန်းကိုင်းကျေးရွာအုပ်စုရှိ ထန်းကိုင်းရေနံမှော်မှ ရေနံစိမ်းပေပါ ငါးလုံးတင်ဆောင်ကာ မင်းလှမြို့၊ အမှတ်(၁)ရပ်ကွက်နေ ငထက်(ခ)နေထက်လင်း(၃၀ နှစ်) မောင်းနှင်လာသည့် စူပါကာစတန် အမျိုးအစား မော်တော်ယာဉ်သည် ယာဉ်၏ခေါင်းခန်းအတွင်း ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့၍ မင်းလှမြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင် ဦးစီးမီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ် ယာဉ်နှစ်စီးဖြင့် ငြိမ်းသတ်မှုကြောင့် ည ၈ နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


မီးလောင်ကျွမ်းမှုကြောင့် ယာဉ်နှင့်ယာဉ်ပေါ်ပါ နေနံစိမ်းပေပါငါးလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ ငထက်(ခ)နေထက်လင်းအား မင်းလှမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)