မြင်းမူ၊ တောင်ငူနှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၃ ဇူလိုင် 


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂ ရက်မွန်းလွှဲပိုင်းက မြင်းမူမြို့နယ်၊  ဝမ်းပြည့်ကျေးရွာဆိုင်းဘုတ်အနီး၊ မြင်းမူ-မုံရွာသွားကားလမ်း၊ မိုင်တိုင်အမှတ် ၅၀/၄ တွင် ထက်လင်းအောင်(ခ)မောင်ထက် မောင်းနှင်ပြီး မနန်းမိုမိုခမ်းအေး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၁၂၅ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ 

 

အလားတူ ယင်းနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တောင်ငူမြို့၊ အမှတ်(၁၉)ရပ်ကွက်၊ သုခလမ်း၊ အမှတ်(၃၁၂)နေ ဇော်မင်းသိန်း၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ရန်မျိုးအောင်၊ ဇော်လင်းအောင် တို့အားတွေ့ရှိပြီး စိတ်ကြွရူးသွပ် ဆေးပြား ၂,၂၈၅ ပြား၊ မြန်မာငွေကျပ် ၅၁,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ 

 

ထို့အတူ ထိုနေ့မွန်းလွှဲ ၁ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ နယ်မြေ(၁၆)၊ ဟူးမွန်-မန်နားလမ်းသွယ်၊ အမှတ် (ဌ/၁၆/၄၇၆)နေ မကြည်ကြည်ဦး၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၂၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

ရဲပြန်ကြား