မြင်းမူမြို့၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကို လူမှုဖူလုံရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

မြင်းမူ  ၁၅ ဇန်နဝါရီ

 

အသက်(၈၅)နှင့် (၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်များ ပေးအပ်ပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

လူမှုရေးပင်စင်များပေးအပ်ရာတွင် မြင်းမူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးမှ အဘိုး ၂၆၇ ဦး၊ အဘွား ၄၄၈ ဦး၊ အဘိုးအဘွား စုစုပေါင်း ၇၁၅ ဦးအတွက်  ၂ဝ၁၉ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၂၁၄၅ဝဝဝဝ ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်း၊ တိုင်းဒေသကြီး လွှတ်တောက် ကိုယ်စားလှယ် ဦးသောင်းမြင့်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အသက်(၈၅)နှင့် (၈၅)နှစ်အထက်ရှိ အဘိုးအဘွားများကို ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် ဆက်လက်ပေးအပ် သွားမည် ဖြစ်သည်။

 

အောင်စိုးဖေ(မြင်းမူ)