မြင်းမူနှင့် တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၁၁  အောက်တိုဘာ

           

မြင်းမူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၀ ရက်  နံနက်ပိုင်းက မြင်းမူမြို့ အနောက်ပိုင်းရပ်ကွက် လွတ်လပ်ရေး ကျောက်တိုင်အနီးတွင် တွေ့ရှိသူ မြင့်လွင်(ခ)နန်းစတော့ အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၄၀၃၂ ပြား၊ မြန်မာငွေကျပ် ၃၀၁၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

           

အလားတူ ယင်းနေ့ နံနက် ၁ နာရီခွဲက တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်းတွင် စိုင်းအွတ် မောင်းနှင်ပြီး အောင်ကျော်ထက်(ခ)အပွိုင့် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၉၇ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား  မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

MDN

 

1