မင်းတပ်မြို့၌ ကိုဗစ်-၁၉ စောင့်ကြည့် လူနာထားရှိမည့် အခန်းများတွင် သန့်ရှင်းရေးဆောင်ရွက်

မင်းတပ်   ၅   ဧပြီ

 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် စောင့်ကြည့် လူနာများထားရှိရန် ပြည်သူ့ဆေးရုံဝန်ထမ်းအိမ်ယာ(အဆောင်သစ်)ရှိ အခန်းပေါင်း (၂၀)အား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။

 

1002

 

အဆိုပါ အခန်းများ၌  ပြည်ပမှ မင်းတပ်မြို့နယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာသူများတွင် ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေ့ရှိပါက သီးခြားကုသနိုင်ရန် ခုတင်အလုံး(၂၀)ထားရှိထားကြောင်း သိရသည်။ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာ၌ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထို့နောက် ခရိုင်ကျန်မာရေးဦးစီးဌာနမှ ဒေါက်တာဇော်ဝင်းနိုင်နှင့်ဝန်ထမ်းများ က အခန်းတွင်း ပိုးသတ်ဆေး ဖျန်းခြင်းနှင့် အခန်းတွင်း ရေ/မီးကောင်းမွန်စွာရရှိရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဆလိုင်းအောင် (ပြန်/ဆက်)

 

10112