မှန်လုံယာဉ်ငယ်တစ်စီး လမ်းလယ်ကျွန်းရှိ ဓာတ်တိုင် ဝင်တိုက်မိ၍ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါလာသူများ ဒဏ်ရာရရှိ

မြင်းမူ ၂၁  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ရွှေတောင်တိုးဂိတ်အနီး လမ်းလယ်ကျွန်းရှိ ဓာတ်တိုင်အား မှန်လုံယာဉ်ငယ်တစ်စီးက ၊ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်ယံအချိန်တွင် ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်ပွားပုံမှာ မုံရွာဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ရဲရင့်သူ မောင်းနှင်လာသော ယာဉ်သည် လမ်းလယ်ကျွန်းအတွင်း စိုက်ထူထားသော လျှပ်စစ်မီးတိုင်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်း ရဲရင့်သူမှာ (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပြီး၊ မန္တလေးဆေးရုံသို့လည်းကောင်း၊ ယာဉ်ပေါ်ပါလာသူ ဂရေစီသားအိ တွင်လည်း   ဒဏ်ရာများရရှိ၍ (စိုးရိမ်ရ) မန္တလေးဆေးရုံသို့လည်းကောင်း၊ သားချင်းချာ မစိုးရိမ်ရ ဒဏ်ရာရရှိ၍ မြင်းမူမြို့ ပြည်သူ့ဆေးရုံတွင်လည်းကောင်း ပို့ဆောင်ဆေးကုသလျှက်ရှိကြောင်း သိရှိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍  မြင်းမူမြို့မရဲစခန်းမှ ယာဉ်မောင်း ရဲရင့်သူအား အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။

 

အောင်စိုးဖေ (မြင်းမူ)