မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲများ ကျင်းပမည်

မန္တလေး  ၂၆   ဇန်နဝါရီ 

 

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း၌  မြန်မာနိုင်ငံမှ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)အသင်းနှင့် အိန္ဒိယနိုင်ငံမှ မဏိပူရ်ပြည်နယ်(က) အသင်းတို့ ဇန်နဝါရီ ၃၁ ရက် တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မဏိပူရ်ပြည်နယ်(ခ) အသင်းတို့သည် ဖေဖော်ဝါရီ ၃ ရက်တွင် မုံရွာမြို့၌ လည်းကောင်း နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံး ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) မှ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)