မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်မြေ(၂) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ အောင်ဇူနယ်မြေရုံးမှ ရဲမှူး မျိုးမြင့် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)နယ်ခြားစောင့်တပ် Chakdhala ကင်းစခန်းမှ Subedar Md. Jakir Hossain ဦးစီးသည့် တပ်ဖွဲ့၀င်များက ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီခွဲမှ ၁၁ နာရီ မိနစ် ၅၀ အထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၄)မှ (၄၅)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အလားတူ နံနက် ၈ နာရီခွဲမှ ၁၁ နာရီ မိနစ် ၅၀ အထိ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်မြေ(၃) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ တောင်ပြို(ယာ)နယ်မြေရဲစခန်းမှ ဒုတိယရဲမှူးအောင်မျိုးဇော်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) နယ်ခြားစောင့်တပ် Tuingajhiri ကင်းစခန်းမှ Naib Subedar Md. Shariful Islam ဦးစီးသော အဖွဲ့ဝင်များသည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၃၈)မှ (၃၉)ထိ နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

 

သတင်းစဉ်