မြန်မာ-လာအို နယ်နိမိတ်ရေပုံအမှတ် (၁၂) အတည်ပြု လက်မှတ်ရေးထိုး

နေပြည်တော် ၁၇  သြဂုတ် 

၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၅ ရက်မှ ၁၆ ရက်အထိ လာအိုနိုင်ငံ၊ လွမ်ပရာဘွမ် ပြည်နယ်၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် မြန်မာ-လာအိုဗဟိုအဆင့် နယ်စပ် အာဏာပိုင်များ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေး ကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးမြင့်သူနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sengphet HOUNGBOUNGUANG တို့သည် သြဂုတ် ၁၆ ရက်တွင် မြန်မာ-လာအို နယ်နိမိတ်ရေပုံအမှတ် (၁၂)အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)