မြန်မာ-တရုတ်နှစ်နိုင်ငံ နမ့်ဖာဟော်နယ်စပ် တံတားပေါ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေ:အတွက် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်း

ချင်းရွှေဟော်  ၂၉ ဧပြီ    

 

ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံ နမ့်ဖာဟော်နယ်စပ် တံတားပေါ်၌ တရုတ်နိုင်ငံ လင်ချန်းမြို့၊ ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်းများကို ဧပြီ ၂၉ ရက် နံနက် နာရီက ပေးအပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ နမ့်ဖာဟော်နယ်စပ်တံတားပေါ်တွင် တရုတ်နိုင်ငံ၊ လင်ချန်းမြို့ ဒုတိယမြို့တော်ဝန် မစ္စတာ လူကြည့်ဟွင် ဉီးဆောင်သည့်အဖွဲ့နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပန်ခရိုင် နှင့် လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေ:လုပ်ငန်းကော်မတီများ ပူးပေါင်းကာ နယ်စပ်ရေးရာ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးသတင်း အချက်အလက် ဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် အလွတ်သဘော ညှိနှိုင်းဆွေးနွေးသည်။

 

ယင်းနောက် ချင်းရွှေဟော်၊ ဟိုပန်၊ ကွမ်းလုံ မြို့နယ်များ၏ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် နှာခေါင်းစည်း ခုရေ (၅၀၀၀၀) အား ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)