မြန်မာ ယူ-၁၅ အသင်းနှင့် တရုတ် ယူ-၁၅ အသင်းတို့ ခြေစမ်းပွဲကစား

ရန်ကုန် ၆ ဇူလိုင်

၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၅ အသင်းသည် ယနေ့ညနေပိုင်းက တရုတ် ယူ-၁၅ အသင်းနှင့် တရုတ်နိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့သည်။

မြန်မာ ယူ-၁၅ အသင်းသည် ပြိုင်ပွဲမတိုင်မီ နောက်ဆုံးပြင်ဆင်မှုအဖြစ် အာရှထိပ်သီး တရုတ် ယူ-၁၅ အသင်းနှင့် ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် မိနစ် ၇၀ အထိ ဂိုးမရှိသရေကစားနိုင်သော်လည်း ၇၂၊ ၈၇ မိနစ်တွင် ပေးလိုက်ရသည့်နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၅ အသင်းသည် တရုတ်နိုင်ငံတွင် ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲတစ်ပွဲ ကစားခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းသည် ဇူလိုင် ၂၇ ရက်မှ ဩဂုတ် ၉ ရက်အထိ ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း