မြန်မာအမျိုးသမီးအသင်း ထားဝယ်မြို့၌ မနက်ဖြန် ခြေစမ်းပွဲကစားမည်

၁ ဇူလိုင်

 

၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြည်တွင်းခြေစမ်းခရီးစဉ် သွားရောက်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇူလိုင် ၂ ရက် နေ့တွင် ထားဝယ်မြို့၌ ခြေစမ်းပွဲ စတင်ကစားမည်ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် မော်လမြိုင်မြို့တွင် ခြေစမ်းပွဲကစားပြီးနောက် ဇူလိုင် ၁ ရက်တွင် မော်လမြိုင်မြို့မှ ထားဝယ်မြို့သို့ ထွက်ခွာခဲ့ပြီး ဇူလိုင် ၅ ရက်အထိ နေထိုင်ကာ ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဇူလိုင် ၂ ရက်နေ့တွင်  ညနေ ၃ နာရီခွဲတွင် ထားဝယ်လူငယ် လက်ရွေးစင်အသင်းနှင့် ထားဝယ်မြို့ရှိ တိုင်းအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဇွန် ၂၈ ရက်မှ ၃၀ ရက်အထိ မော်လမြိုင်မြို့၌ လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲနှစ်ပွဲကစားရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ထားဝယ်မြို့၌ ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း