မြန်မာအသင်း တိုက်စစ်မှူး ကျော်ကိုကိုရဲ့ သွင်းဂိုးတွေနဲ့ စင်ကာပူအသင်းကို  အနိုင်ရရှိ

၁၂  ဇွန်


ဖီဖာအသိအမှတ်ပြု၏ နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ ဇွန် ၁၁ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

1

 


မြန်မာ့အသင်းအတွက် သွင်းဂိုး နှစ်ဂိုးစလုံးကို တိုက်စစ်မှူး ကျော်ကိုကိုက သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ပထမဦးဆောင်ဂိုးကို ပြိုင်ပွဲစတင်ပြီး ၅ မိနစ်အတွင်းမှာပင် သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်ကာ ဒုတိယဂိုးကိုတော့ ပွဲချိန် ၆၇ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ကျော်ကိုကို သွင်းယူခဲ့သည့် သွင်းဂိုးနှစ်ဂိုးကိုလည်း အောင်သူမှ ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။

 

1

 


အောင်သူအနေဖြင့် ယခုကစားခဲ့သည့်ပြိုင်ပွဲတွင် ခြေစွမ်းပြ ကစားထားနိုင်တာကို တွေ့ရသော်လည်း သူသွားရောက် ကစားနေသည့် ထိုင်းကလပ်တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသည်။ ယခုထက် ပိုမိုကြိုးစားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော် မှ တိုက်တွန်းပြောကြားထားသည်။


နည်းပြ ရာဂျူလိုဗစ်ဟာ သူ့ရဲ့ ပထမဆုံးပွဲဦးထွက်မှာပင် အာဆီယံအဓိကပြိုင်ဘက် အသင်းတစ်သင်းဖြစ်တဲ့ စင်ကာပူအသင်းကို အနိုင်ရယူနိုင်ခဲ့တာကြောင့် သူ့အနေဖြင့် မြန်မာအသင်းနဲ့အတူ မျက်နှာပန်းလှခဲ့ပြီဖြစ်သည်။


မြန်မာအသင်းဟာ စင်ကာပူအသင်းကို ၁၉၉၃ ခုနှစ်က ဆီးဂိမ်းပြိုင်ပွဲတွင် စင်ကာပူအသင်းကို အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၂၆ နှစ်အကြာ ယခုမှသာ လက်ရွေးစင်အဆင့်တွင် ပြန်လည်အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် တိုက်ဂါးဖလားနှင့် ဆူဇူကီဖလားပြိုင်ပွဲများတွင်လည်း ဆက်တိုက်အရေးနိမ့်လာခဲ့သည်။


မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့သည် ၂၀၂၂ ကမ္ဘာဖလားခြေစစ်ပွဲရဲ့ ပထမအဆင့်ခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ကစားရန် မလိုအပ်သည့်အတွက် နိုင်ငံတကာခြေစစ်ပွဲရက်သတ္တပတ်များတွင် ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲအဖြစ် ကစားခဲ့ကြခြင်း ဖြစ်သည်။


MDN
Photo – Myanmar Football Federation