မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တရုတ်လူငယ်အသင်းကို အနိုင်ရ

နိုဝင်ဘာ ၁၂

၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲက တရုတ်လူငယ်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ လေးဂိုးပြတ် အနိုင်ရခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး မေဇင်နွယ် (ဂိုး)၊ အေးအေးမိုး၊ ဝေဝေအောင်၊ ခင်မျိုးဝင်း၊ မေသက်မွန်မြင့်၊ ငယ်ငယ်ထွေး၊ ပုံ့ပုံ့ပြည့်မောင်၊ နုနု၊ လဲ့လဲ့လှိုင်၊ မေသူကျော်နှင့် စန်းသော်သော်တို့ကို အသုံးပြုခဲ့သည်။ မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် အရန်ကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး နောက်ပိုင်းမှ ကစားသမားများပြောင်းလဲခဲ့သည်။ ယခုခြေစမ်းပွဲကို မိနစ် ၃၀ သုံးပိုင်းခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင် တစ်ဂိုး၊ ဒုတိယပိုင်းတွင် တစ်ဂိုးနှင့် တတိယပိုင်းတွင် နှစ်ဂိုးသွင်းယူခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၂၈၊ ၄၅ မိနစ်တွင် နုနု၊ ၆၄၊ ၇၈ မိနစ်တွင် ဂျူလိုင်ကျော်တို့က သွင်းယူခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ပွဲချိန်အတွင်း သင်းသင်းယု၊ ဂျူလိုင်ကျော်၊ ဖြူဖြူဝင်း၊ ခင်မိုမိုထွန်း၊ မြတ်နိုးခင်၊ ခင်မိုးဝေ၊ သန္တာဦး၊ ခိုင်သဇင်ဦးတို့ကို လဲလှယ်အသုံးပြုခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် တရုတ်ခြေစမ်းခရီးစဉ် နောက်ဆုံးပွဲအဖြစ် နိုဝင်ဘာ ၁၄ ရက်တွင် တရုတ်လူငယ်အသင်းနှင့်ပင် ထပ်မံခြေစမ်းမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MFF