မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့  ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ

ရန်ကုန် ၂၉ နိုဝင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားခဲ့သည်။

 

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အဖွဲ့အား အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးစိုအောင်၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်နှင့် ပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်၊ အတွင်းရေးမှူးနှင့် အမှု့ဆောင်များ၊ မိဘဆွေမျိုးများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

 

အေကေလင်း