မြန်မာ့လက်ရွေးစင်အသင်း ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၃၆ ထိ ရောက်ရှိခဲ့ပြီး ကမ္ဘာ့အဆင့်မြင့်တက်မှု အဆင့် ၁၁ ဆင့်ထိ မြင့်တက်လာခဲ့

၂၈  နိုဝင်ဘာ

 

နိုဝင်ဘာ ၂၈ ရက်နေ့(ယနေ့)၌ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)မှ နိုဝင်ဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေကို ထုတ်ပြန်ခဲ့ရာ မြန်မာလက်ရွေးစင်အသင်းအနေဖြင့် ကမ္ဘာ့အဆင့် ၁၃၆ သို့ ရောက်ရှိခဲ့ပြီး အဆင့် ၁၁ ဆင့်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

 

မြန်မာအသင်းအနေဖြင့် အောက်တိုဘာလအတွင်းက ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၄၇ တွင် ရပ်နေခဲ့ရာမှ နိုဝင်ဘာလအတွင်း ၁၃၆ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းရဲ့ အဆင့်မြင့်တက်မှုဟာ အဆင့် ၁၁ ဆင့်အထိ ရှိခဲ့တာကြောင့် အဆင့်မြင့်တက်မှုအများဆုံး ဖြစ်ခဲ့သည်။ မြန်မာ့အသင်းဟာ ကမ္ဘာ့အဆင့်အမြင့်ဆုံး ရပ်တပ်မှု ၉၇ ထိ ရောက်ရှိခဲ့ပြီး အနိမ့်ဆုံး ၁၉၁ အထိ ရောက်ရှိခဲ့သည်။

 

မြန်မာအသင်းသည် နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲတွင် နီပေါအသင်းကို သုံးဂိုးပြတ်ဖြင့် လည်းကောင်း၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်(၂)ပွဲတွင် တာ့မင်နစ္စတန်အသင်းကို လေးဂိုး-သုံးဂိုးဖြင့်လည်ကောင်း၊ မွန်ဂိုလီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိလာခဲ့ပြီးနောက် ယခုလို ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၃၆ အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

 

MDN