မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံသို့ ရောင်းစားရန်နှင့်  ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် နှစ်(၂၀)စီချမှတ်

နေပြည်တော် ၇ သြဂုတ်

မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံသို့ ရောင်းစားရန်နှင့် ရောင်းစားခဲ့သူများကို သြဂုတ် ၂ ရက်က လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေအရ ထောင်ဒဏ် နှစ် (၂၀) စီချမှတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်၊ လုံးကော်ကျေးရွာနေ ဦးစံကျော် (ဘ)ဦးလုံးလျှံ၊ ဒေါ်ပါ ခမ်းအောင်၊ (ဘ)ဦးပုည၊ ရပ်ကွက်(၁)နေ ဒေါ်နန်းဆိုင်(ဘ)ဦးချင်းဆုံ၊ မနန်းစံဇာ(ဘ) ဦးလုံးမောင်တို့သည် ၂၀၁၈ ခုနှစ် ဧပြီ ၃ ရက်က မိုင်းရှူးမြို့နယ်၊ နောင်အော့ကျေးရွာနေ မ××× (၁၆)နှစ်၊ မ××× (၃၁)နှစ်နှင့် မ××× (၁၃)နှစ်တို့အား ပြင်ဦးလွင်မြို့ရှိ မရွေးစက်ရုံတွင် တစ်လကျပ်တစ်သိန်းခွဲရမည်ဟု လိမ်လည်စည်းရုံး၍ တရုတ်နိုင်ငံ မိန်းတိန်မြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း။

ထို့နောက် မ××× (၁၃)နှစ်အား တရုတ်နိုင်ငံသားနှင့် အဓမ္မလက်ထပ်စေရန် ရောင်းစားခဲ့ပြီး ကျန်နှစ်ဦးအား ဆက်လက်ရောင်းစာ:ရန် စီစဉ်ခဲ့ကြောင်း ပေါ်ပေါက်သဖြင့် လွိုင်ဆောင်ထောက်နယ်မြေရဲစခန်းမှ (ပ)၅/၂၀၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ− ၂၈(က)ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး လွိုင်လင်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ ဦးစံကျော်ပါ (၃)ဦးကို သြဂုတ် ၂ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်စီ ချမှတ်ခဲ့ကြောင်း၊ တိမ်းရှောင်တရားခံ မနန်းစံဇာအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်