မြန်မာမိန်းကလေးနှစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော်  ၂၄   ဇူလိုင် 

 

မြန်မာမိန်းကလေးနှစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ်  နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နေ ကျော်မောင်၊ ဒေါ်ခင်သန်း၊ ဒေါ်သန်းသန်းမော်၊ ဒေါ်စန်းဝေ၊ ဒေါ်စန္ဒာဦး(ခ)စန္ဒာ၊ ဒေါ်တင်တင်စိုး ၊ ဒေါ်သီတာ ၊ ဒေါ်ခင်ဆွေဦး တို့သည် မင်္ဂလာဒုံမြို့နယ်နေ မ XXX၊ ၁၈ နှစ်နှင့် မ xxx၊ ၁၈ နှစ်တို့အား တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက တစ်လလျှင် ကျပ်သုံးသိန်းခန့်ရမည်၊ နှစ်လ တစ်ကြိမ် အိမ်ပြန်ရမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့မှုအတွက် မှော်ဘီမြို့မရဲစခန်း (ပ)၉၆/၂၀၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ လူကုန်ကူးမှုကို ဂိုဏ်းဖွဲ့ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် ဇူလိုင် ၂၂ ရက်တွင် တရားခံ ကျော်မောင်၊ ဒေါ်စန်းဝေ နှင့် ဒေါ်စန္ဒာဦးတို့အား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၈ အရ အလုပ်နှင့်ထောင် ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံများကို တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)