မြန်မာ့မိုဘိုင်းဖုန်းဈေးကွက်အတွင်းသို့ OPPO F9 ဖုန်းအသစ်များ မကြာမီဝင်ရောက်မည်

ရန်ကုန် ၃၀ သြဂုတ် 

 

မြန်မာ့မိုဘိုင်းဖုန်းဈေးကွက်အတွင်းသို့ OPPO ၏ F စီးရီး ထုတ်ကုန်များတွင် နောက်ဆုံးဖြစ်သော OPPO F9 ဖုန်းအသစ်များ စက်တင်ဘာလ ၈ ရက်နေ့မှစတင်ကာ ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း သိရသည်။ selfie ဘုရင်ဟု လူသိများသော OPPO အနေဖြင့် ၄င်း၏နောက်ဆုံးထုတ်ကုန် F9 ကို VOCC အမြန်အား သွင်းစနစ်နှင့် မိုဘိုင်းဖုန်းလောကတွင် ပထမဆုံးအရောင်ပြေး ကာလာဒီဇိုင်းတို့ဖြင့် ထုတ်လုပ်ထားသည်။

 

နည်းပညာဆန်းသစ်မှုများစွာ ပါဝင်ထားပြီး မျက်နှာပြင်အကျယ် ၆.၃ လက်မအရွယ်ပထမဆုံး Waterdrop Screen ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်း၊ ကြီးမားသည့် မျက်နှာပြင်နှင့်ကိုယ်ထည်အချိုးအစား ၉၀.၈ ရာခိုင်နှုန်း၊ ထူးခြားဆန်းသစ်သည့် အရောင်းပြေးမှန်ဖြစ်သော Sunrise Red နှင့် Twilight အရောင်နှစ်မျိုး ကာလဒီဇိုင်း နှင့် ၃၅၀ဝ mAh battery တို့ပါဝင်သော OPPO F9 သည် အကောင်းဆုံး selfie လုပ်ဆောင်ချက်ကို ပြုလုပ် နိုင်မည်ဖြစ်သည်။ 

 

မြန်မာပြည်ဈေးကွက်တွင် မိုဘိုင်းသုံးစွဲသူအများစု၏ အဓိကပြဿနာမှာ ဘက်ထရီသက်တမ်းပိုင်းဆိုင်ရာ ဖြစ်ကြောင်း လေ့လာတွေ့ရှိထားသည့် OPPO သည် ယင်းအချက်ကို အလေးထားကာ ဗို့အားနည်း အားသွင်းနည်းပညာကို အသုံးပြုထားပြီး ပုံမှန်အားသွင်းစနစ်ထက် လေးဆပိုမိုမြန်ဆန်စွာ အားသွင်းနိုင်ရန် တီထွင်ဖန်တီးထားသည်။ အလျင်စလို အခြေအနေတွင် ၅ မိနစ်စာ အားသွင်းရုံဖြင့် ၂ နာရီကြာ ဖုန်းပြောနိုင် မည်ဖြစ်သည်။ 

 

ထူးခြားဆန်းသစ်သော ဓာတ်ပုံဆိုင်ရာ နည်းပညာအဖြစ် F9 ၏ ပင်မနောက်ကင်မရာမှာ f/1.8 အလင်း တံခါးတပ်ဆင်ထားသည့် 16MP အမျိုးအစားဖြစ်ခြင်းကြောင့် ပိုမိုကြည်လင်ပြတ်သားသောပုံများကို အလင်း ရောင်အခြေအနေအမျိုးမျိုးတွင် ရိုက်ယူနိုင်စေပြီး နောက်ဘက်အရန်ကင်မရာက ထူးခြားသော နောက်ခံ အဝါးများ ရယူနိုင်စေရန် ဝေဝါးခြင်းကို တွက်ချက်လုပ်ဆောင်ပေးမည်ဖြစ်သည်။

 

Hardware ပိုင်းဆိုင်ရာတွင်လည်း 4GB RAM + 64 GB RAM တို့က မြန်ဆန်မှုလုပ်ဆောင်မှုစနစ်ကို ပိုမို ကောင်းမွန်စေမည်ဖြစ်ပြီး F9 တွင် 256 GB အထိ အချက်အလက်ထပ်တိုး အသုံးပြုနိုင်စေရန် ထောက်ပံ့ ပေးထားသည်။ သုံးစွဲသူများအနေဖြင့် ဆင်းကဒ် တစ်ကဒ်ထက် ပိုမိုသုံးစွဲနိုင်ရန်အတွက်လည်း SD တစ်ကဒ် နှင့် ဆင်းကဒ်နှစ်ကဒ်ကို ထည့်သွင်းအသုံးပြုနိုင်မည့် slot ဒီဇိုင်းကို အသုံးပြုထားသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း