မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း နှစ်ပတ်လည်အစည်းအဝေး ကျင်းပမည်

ရန်ကုန် ၁၃ အောက်တိုဘာ

 

မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း(MLA)၏ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ (တတိယထပ်)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နှစ်ပတ်လည်အစည်းအဝေးတွင် ‘‘ ၂၁ရာစု စာကြည့်တိုက်များနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍ’’ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၃ နာရီခွဲထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းဝင်များ၊ စာကြည့်တိုက်လုပ်ငန်းကို လက်တွေ့ဆောင်ရွက်နေသူများအားလုံး တက်ရောက် ပါဝင်ဆွေးနွေးကြပါရန် ဖိတ်ခေါ် ထားကြောင်း သိရသည်။

 

ရွှေနန်းမေ(ပြန်/ဆက်)