မြန်မာနိုင်ငံ ပြည်တွင်း(မြန်မာ့ပင်လယ်ပြင်)ကို ဗဟိုပြု၍ အင်အားအနည်းရှိ မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၂၅ စက်တင်ဘာ

 ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၅) ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၄ မိနစ်၊ ၄၇ စက္ကန့်တွင် ဂွမြေငလျင်စခန်းမှ အနောက်ဘက် (၆၉)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြန်မာ့ပင်လယ်ပြင်)၊ မြောက်လတ္တီတွဒ် (၁၇.၇၀)ဒီဂရီ အရှေ့လောင်ဂျီတွဒ် (၉၃.၅၄)ဒီဂရီ၊ အနက်(၁၀၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။

Crd - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန