မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အရေးကြီးဆုံးအရာတစ်ခု ဖြစ်ပါတယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ဒေါက်တာနီကိုလိုင်း လစ်တိုပါဒေါ့ဗ် (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး) က “ဒီကနေ့ NCA လက်မှတ်ရေးထိုးပွဲဟာ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အရေးကြီးဆုံးအရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ အများကြီးဝမ်းသာမိပါတယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေ အတွက်လည်း ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ အားလုံးကိုလည်း ထောက်ခံပါတယ်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးဟာအရေးကြီးဆုံး ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

 

MDN