မြန်မာနိုင်ငံအတွင် ဝါးဖျာအထပ်သားစက်ရုံ တည်ဆောက်ပြီး ပြည်ပသို့ တင်ပို့ရောင်းချသွားမည်

ရန်ကုန်၊ ၁၈ ဒီဇင်ဘာ 

ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ် မြန်မာနိုင်ငံအတွင် ဝါးဖျာအထပ်သားစက်ရုံကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ နေပြည်တော်အနီးတဝိုက်တွင် တည်ဆောက်ပြီး ပြည်ပသို့ တင်ပို့ရောင်းချသွားရန် စီစဉ်နေကြောင်း အိန္ဒိယနိုင်ငံ အာသံပြည်နယ် မဏိပူရ်တွင် ဝါးဖျာအထပ်သားစက်ရုံလုပ်ငန်း အတွေ့အကြုံရှိ မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။ 

“ဒီမှာက ကုန်ကြမ်းတွေပေါတဲ့အတွက် အိန္ဒိယနိုင်ငံကနေ စက်တွေယူလာပြီး လာလုပ်မှာပါ။ ကိုယ့်နည်း ပညာနဲ့ ကိုယ့်အရင်းနှီးနဲ့လုပ်မှာပါ။ လောလောဆယ် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ မဏိပူရ်ဘက်မှာ မြန်မာနိုင်ငံသား တမူးနယ်က လုပ်ငန်းရှင်တစ်ဦးက လုပ်တာ နှစ်(၂၀)လောက်ရှိပါပြီ။ ဖျာရက်ရောင်းသူ တွေရှိရင် လာရောင်းပေါ့။ အဲဒီဖျာကို ဝယ်ပြီး ဖျာကိုပဲ ထပ်ပြီးကော်ကပ်တာမျိုးလုပ်ပြီး လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ အမေရိကန်၊ ကိုရီးယား နိုင်ငံတွေကို တင်ပို့တာပါ။ အများဆုံးက ဂျပန်နိုင်ငံကို တင်ပို့နေတာပါ။ Made in Myanmar ဆိုတော့ တရားဝင်လုပ်ဖို့ စက်ရုံအမည်ကို ရွေးနေပါတယ်။ ကျပ်သိန်း ၅၀၀၀ နဲ့ စတင်မတည်မှာပါ။ ကိုဗစ်ပြီးတာနဲ့ စလုပ်မှာပါ။ မြန်မာနိုင်ငံက ဝါးအသင်း ရှစ်သင်း လောက်ကလည်း ကူညီပေးပါတယ်” ဟု မြန်မာနိုင်ငံ တာဝန်ခံ ဦးကျော်ကျော်မိုးက  ပြောသည်။ 

အဆိုပါ ရင်းနှီးမြှုပ်နှံမည့် စက်ရုံက လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ အမေရိကန်၊ ကိုရီးယားနိုင်ငံများသို့ တင်ပို့ရောင်းနေပြီး ဝါးဖျာအထပ်သားများကို နှစ်(၂၀)အထိ အာမခံစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

သန့်ဇင်ဝင်း