မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ပြင်ဆင်သတ်မှတ်ခေါ်ယူခြင်း

၁။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်အား တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် (၄၇၀) နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်ကြောင်း ခေါ်ယူခဲ့ပါသည်။


၂။ ယခုအခါ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် (၄၄၀)နှင့်အထက် ရရှိသူများထပ်မံလျှောက်ထားနိုင်ပါကြောင်းနှင့် လျှောက်ထားလိုသူများအနေဖြင့် ၁၃-၉-၂၀၁၉ရက် (သောကြာနေ့) နောက်ဆုံးထား၍ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ပါသည်။


(အသေးစိတ်အချက်အလက်များအား သိရှိလိုပါက Website www.mmu.edu.mm နှင့် ဖုန်း-ဝ၉-၄၅၈၁၃၈၀၇၇၊ ဝ၉-၇၉၈၁၈၄၃၃၂ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့

 

1111 Cap