မြန်မာနိုင်ငံသားများပါဝင်သည့် MHTTR-6 RALLY ကားမောင်းအဖွဲ့ ထိုင်းနိုင်ငံအတွင်း လည်ပတ်ပြီး မြဝတီ-မဲဆောက် ဝင်ထွက်ဂိတ်မှ ပြန်လည် ဝင်ရောက်

မြဝတီ ၂၃ ဇွန်

 

ထိုင်းနိုင်ငံ Tourism Authority of Thailand(TAT)၏ ဖိတ်ကြားချက်အရ Myanmar Tourism Marketing မှ စီစဉ်ဆောင်ရွက်သော မြန်မာနိုင်ငံသား ၇၃ ဦးတို့ပါဝင်သည့် MHTTR-6 Rally ကားမောင်းအဖွဲ့သည် ၎င်းတို့၏ ကိုယ်ပိုင် မော်တော်ယာဉ် ၂၂ စီး တို့ဖြင့် ထိုင်းနိုင်ငံအတွင်း လည်ပတ်ပြီး မြဝတီ-မဲဆောက် ဝင်ထွက်ဂိတ်မှ ယနေ့ ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၉ နာရီ က ထိုင်းနိုင်ငံမှ မြဝတီသို့ ဝင်ရောက်ခဲ့သည်။

 

အဆိုပါ အဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့မှစတင်ကာ ရန်ကုန်မှ ထားဝယ်၊ ထီးခီး၊ ကန်ချနဘူရီ၊ ဆူပန်ဘူရီ၊ ပီဆန်နူ လော့ခ်၊ ဆူကိုထိုင်း၊ တက်၊ မဲဆောက် ခရီးစဉ်များ လည်ပတ်ခဲ့ပြီး ယနေ့ မြဝတီမြို့သို့ ပြန်လည်ဝင် ရောက်ခဲ့ ခြင်းဖြစ်ကာ ရန်ကုန်မြို့တွင် ခရီးစဉ်ဆုံးမည်ဖြစ်ကြောင်းသိရသည်။

 

 

အဆိုပါ အဖွဲ့နှင့်အတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးလိုက်ပါခဲ့ပြီး မြဝတီခရိုင်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူများမှ လိုအပ်သည်များကူညီဆောင်ရွက်ပေးကာ ထိုင်းနိုင်ငံအတွင်း ဇွန် ၁၈ ရက်မှ ၂၃ ရက်အထိ အ ထိ ၆ ရက်ကြာ လည်ပတ်သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ မြဝတီ-မဲဆောက် ဝင်ထွက်ဂိတ်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ချုပ်ဆိုထားသော နယ်စပ်ဖြတ် သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ် အရ ဖွင့်လှစ်ထားပြီး မြန်မာ-ထိုင်းနယ်စပ်ဂိတ်များတွင် နိုင်ငံခြား သား လူဝင်/လူထွက်နှင့်ပတ်သက်ပြီး လုပ်ငန်း တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပါရှိသည့် ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားများအား ဝင်ရောက်လည်ပတ်ခွင့်ကို ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ပြီး ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)