မြန်မာနိုင်ငံတော်ဗဟိုဘဏ် အရာရှိအဆင့် ဗဟိုဘဏ်ဌာနတွင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၄

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အရာရှိအဆင့် ဗဟိုဘဏ်ဌာနတွင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

 

အဆိုပါ အရာရှိအဆင့် ဗဟိုဘဏ်ဌာနတွင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၂၇)ရက်မှ၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၂)ရက်အထိ နှစ်ပတ်ကြာဖွင့်လှစ်ခဲ့ပြီး အရာရှိ သင်တန်းသား စုစုပေါင်း (၂၉)ဦး တက်ရောက်ခဲ့သည်။

 

သင်တန်းဆင်းပွတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက သင်တန်းသားများအနေဖြင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ အခန်းကဏ္ဍနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဘဏ္ဍာရေးဆိုင်ရာဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ နိုင်ငံခြားသုံးငွေမူဝါဒဆိုင်ရာနှင့် ငွေကြေးမူဝါဒဆိုင်ရာလုပ်ငန်းများ၊ ဘဏ်တွင်းစာရင်း စစ်ဆေးခြင်းလုပ်ငန်းများနှင့် ဗဟိုဘဏ်ဌာနအသီးသီး၏ လုပ်ငန်းတာဝန်ဝတ္တရားများကို လေ့လာဆည်းပူး ခွင့်ရရှိခဲ့သည့်အတွက် အသိပညာ၊ အတတ်ပညာများ တိုးတက်မြင့်မားလာစေမည့်အပြင် မိမိတို့၏ လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချနိုင်ပြီး၊ မိမိတို့၏ဘဏ်အတွက်သာမက နိုင်ငံ၏ ဖွံဖြိုးတိုးတက်မှု အတွက်ပါ အကျိုးကျေးဇူးများစွာရရှိမည်ဟု ယုံကြည်ပါကြောင်း။

 

ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်သည် နိုင်ငံတစ်နိုင်ငံတွင်များစွာအရေးပါပြီး မူဝါဒဆိုင်ရာ ရည်မှန်းချက်တွေကို လွတ်လပ်စွာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်သွားရမည် ဖြစ်ပါ ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ရှေ့ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များနှင့် တာဝန်ခံရမှု၊ စိန်ခေါ်မှုများပါ ပိုမိုများပြားလာမည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် အရည်အသွေး၊ အရည်အချင်းများကို စွမ်းရည်ပြည့်ဝအောင် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ ဘဏ်ဝန်ထမ်းအချင်းချင်းလည်း နိုင်ငံ့ဝန်ထမ်း ကောင်းစိတ်ဓာတ်အပြည့်အဝဖြင့် တစ်ဦးကို တစ်ဦးအတူတကွ ပူးပေါင်းဆောင်ရွက်မှုရယူပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း။

 

သင်တန်းသူ သင်တန်းသားများအနေဖြင့် သင်တန်းကရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတများ၊ အတွေ့အကြုံများကို ပြောင်းလဲလာသည့် နည်းပညာများ၊ နိုင်ငံတကာဘဏ်လုပ်ငန်းကဏ္ဍ ပြောင်းလဲတိုးတက်မှုများနဲ့ လိုက်လျော ညီထွေမှုရှိရန် လက်တွေ့ပြန်လည်အသုံးချ အကောင်အထည်ဖော်နိုင်ပြီး၊ မိမိတို့၏ ဘဏ်လုပ်ငန်းကဏ္ဍ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်သွားရန် မှာကြားသည်။

(သတင်းစဉ်)