မြန်မာရွှေ့ပြောင်းအလုပ်သမား (၆၂၂) ဦး မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ်(၂) မှ ဆက်လက်ဝင်ရောက်

မြဝတီ ၂၃ ဇူလိုင်

 

ထိုင်းနိုင်ငံရှိ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၆၂၂)ဦးသည် ယနေ့ နံနက်(၆)နာရီ မှ ညနေ  ၆ နာရီအထိ မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂) မှတစ်ဆင့် မိမိအစီအစဉ်များဖြင့် ပြန်လည် ဝင်ရောက်လာကြသည်။

 

ပြန်လည်ဝင်ရောက်လာသူများမှာ အမျိုးသား (၃၇၂) ဦးနှင့် အမျိုးသမီး(၂၅၀)ဦး၊ စုစုပေါင်း(၆၂၂)ဦးဖြစ်ပြီး အများစုမှာ ကိုယ်ဝန်ဆောင်သူများ၊ ကျောင်းပြန်တက်ရမည့် ကလေးငယ်များနှင့် စက်ရုံလုပ်ငန်းများ ကာလကြာ ပိတ်ထားသဖြင့် အလုပ်နည်းပါးလာသောကြောင့် ပြန်လာကြသူများဖြစ်သည်။

 

အဆိုပါ ပြန်ဝင်ရောက်လာ သူများအား မြဝတီခရိုင် တာဝန်ရှိသူများက ထိုင်းနိုင်ငံနယ်စပ်ဂိတ် မဲဆောက် ဘက်ခြမ်းသို့ သွားရောက်ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာဒေသအသီးသီးရှိ Quarantine Center များသို့ စီစဉ်ပို့ဆောင်ပေးခဲ့သည်။

 

# MRTV