မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ  TGL-6 ပြိုင်ပွဲကြီးတွင်  သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်း ယှဉ်ပြိုင်ထိုးသတ်မည်

 

ရန်ကုန်၊ ဇန်နဝါရီ 

 

နိုင်ငံတကာအဆင့်မီ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအဖြစ် The Great Lethwei (TGL) ပြိုင်ပွဲကြီး၏ ပွဲစဉ်အမှတ်စဉ် (၆) ဖြစ်သော TGL-6 ပြိုင်ပွဲကြီးကို  ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ TGL တွင် မင်းမူနေသည့် ခေါင်တွဲဆိုင်းအဖြစ် မြန်မာပြည်ချန်ပီယံ သွေးသစ်ဝင်းလှိုင်နှင့် စိန်ခေါ်လာသူ ရွှေမန်းမြေမှ ပထမတန်းရိုးရာ လက်ဝှေ့ကျော် ကျော်စွာဝင်းတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။

 

The Great Lethwei (TGL) ဖြစ်သော TGL-6 ခေါင်တွဲဆိုင်းကို အလဲထိုးစနစ်ဖြင့် ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီခွဲတွင် ကျင်းပသွား မည်ဖြစ်ပြီး CANAL+ SPORTS 1 ရုပ်သံလိုင်းနှင့် CANAL+ အက်ပလီ ကေးရှင်းတို့မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်းသိရသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ၎င်းတို့နှစ်ဦး ပထမအကြိမ် တွေ့ဆုံယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ငါးချီထိုးသတ်ခဲ့မှုတွင် ပူးတွဲသရေကျထားခဲ့ကြောင်း၊ သွေးသစ်ဝင်းလှိုင်အနေဖြင့် ပြီးခဲ့သည့် TGL-5 မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပြိုင်ပွဲတွင် ယှူးခလိန်းမင်းကို ပထမအချီတွင် အလဲထိုးအနိုင်ယူခဲ့ဖူးပြီး ကျော်စွာဝင်းသည်လည်း ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ လက်ဝှေ့ ပြိုင်ပွဲတွင် ထိုင်းလက်ဝှေ့ကျော် ဖုန်းစီရိ ကို ဒုတိယအချီတွင် အလဲထိုးအနိုင်ယူ ထားကြောင်း သိရသည်။

 

ပွင့်သစ္စာ