မြန်မာ့ရုပ်ရှင် စိန်ရတုခေတ်သို့ သမင်လည်ပြန်

စန်းနီလာဝင်း

 

ရုပ်ရှင်ဟူသောဝေါဟာရအဖွင့်

ရုပ်ရှင်ဟူသောဝေါဟာရနှင့် ပတ်သက်၍ မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “ရုပ်ရှင်သည် ရုပ်ပုံများကို ရွေ့လျားစေပြီး မီးမောင်းထိုးခြင်းအားဖြင့် ပိတ်ကားပေါ်တွင် လှုပ်ရှားမှုပေါ်ပေါက်လာသည့်ပုံရိပ်၊ အက်ရှင် ဘိုင်အိုစကုပ် ဖြစ်သည်” ဟု ဖွင့်ဆိုထားပါသည်။ ရုပ်ရှင်သည် ရုပ်ပုံသေပေါင်းမြောက်မြားစွာကို လူတို့၏ မျက်စိအမြင် သဘောအရလည်းကောင်း၊ ရုပ်ရှင်စက်မှု အတတ်ပညာများအရလည်းကောင်း တီထွင်ပြုလုပ်ထား၍ ရှင်နေသော အရုပ်၊ ရုပ်ရှင်ဖြစ်ပါသည်။ အင်္ဂလိပ် 599009300-GR Bioscope, Film Cinema, Moving Picture (or) Motion Picture op 300 ei:c ool ပါသည်။ တစ်ချိန်ကမူ ရုပ်ရှင်ကို “အရိပ်ပြပွဲ”၊ “ဓာတ်ရှင်” ဟူ၍လည်း ခေါ်ဝေါ်ခဲ့ကြပါသေးသည်။

 

ရုပ်ရှင်အနုပညာကို “အနုပညာရပ် (၇) ရပ် စုပေါင်းထားခြင်း” (Seventh Art) ဟု ဖွင့်ဆိုခဲ့ကြပြီး ထိုအနုပညာ (၇) ရပ်မှာ (၁) စာပေ၊ (၂) ဂီတ၊ (၃) သဘင်၊ (၄) ပန်းချီ၊ (၅) ပန်းပု၊ (၆) ဓာတ်ပုံနှင့် (၇) ရုပ်ရှင်တို့ ဖြစ်ကြသည်ဟု ကမ္ဘာ့အနုပညာရှင်အချို့က ဖွင့်ဆိုခဲ့ကြ ပါသည်။ တရုတ်အနုပညာရှင်များကမူ ပြဇာတ်ကိုပါ ထည့်သွင်း၍ အနုပညာ (၈)ရပ် (Eighth Art) စုပေါင်း ထားခြင်းဟု ဖွင့်ဆိုခဲ့ပါသည်။

 

ကမ္ဘာ့ရုပ်ရှင်အနုပညာရှင်အချို့ကမူ ကမ္ဘာပေါ်တွင်-

(၁) စကားပြောသောဘာသာ (Spoken Language)

(၂) အရေးအသားဘာသာ (Written Language)

(၃) ကိုယ်ဟန်အမူအရာ လှုပ်ရှားခြင်းဘာသာ (Gesture Language) ဟူ၍ ဘာသာသုံးမျိုးရှိရာ ရုပ်ရှင် အနုပညာမှာ အမူအရာလှုပ်ရှားပြသသော ဘာသာစကား ဖြစ်သည်။ ထို့ကြောင့်ရုပ်ရှင်ကားတစ်ကားတွင် စကားပြောသည်က ၃ဝ ရာခိုင်နှုန်း လှုပ်ရှားမှုအမူအရာက ၇၀ ရာခိုင်နှုန်း ပါဝင်သင့်ဟု ဆိုပါသည်။

 

5+

 

အမူအရာနှင့် လှုပ်ရှားမှုများကို အများဆုံးအသုံးပြု သောရုပ်ရှင်ကားတစ်ကားကို ကမ္ဘာကနားလည်မည်။ ယုတ်စွအဆုံး ဘဝကံပေးမလှ၍ အသူများပင်လျှင် နားလည်ခံစားနိုင်မည်။ ထို့ကြောင့် ပညာရှင်များက အဆိုရှိပြန်သည်မှာ “ရုပ်ရှင်ပိတ်ကား ချပ်ကြီးသည် စကားပြောဖို့ လုပ်ထားသည်မဟုတ်၊ ဤပိတ်ကားချပ်ကြီးပေါ်တွင် ဝတ္ထုဇာတ်လမ်းကို လှုပ်ရှားနေသော အရုပ်များဖြင့် ဖော်ပြရန်အတွက်ပင်ဖြစ်သည်” ဟူသော အဆိုဖြစ်ပါသည်။

 

မြန်မာ့ရုပ်ရှင်စိန်ရတုခေတ်နှင့် စိန်ရတုသဘင်(၁၉၇၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ)

အမျိုးသားယဉ်ကျေးမှုလက္ခဏာနှင့် သရုပ်မှန် ပြည်သူ့အကျိုးပြု အနုပညာသည် ခေတ်ရေစီးကြောင်းတွင် ကြည်လင်သည့် အသွင်း သန့်စင်သည့်အလျဉ်ဖြင့် စီးဝင်နေမြဲပင်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် အောင်မြင်ခဲ့သည့် ပြည်သူ့အနုပညာရှင် တိုင်းသည် သရုပ်မှန် အနုပညာဖန်တီးမှုစွမ်းအားနှင့်အတူ အမျိုးသားမူ အမျိုးသားဟန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို မှန်ကန်စွာ ဖော်ကျူးတင်ပြနိုင်ခဲ့ခြင်းကြောင့်သာ မြန်မာ့အနုပညာ သမိုင်းမှတ်တိုင်တွင် မှတ်တမ်းတင်ခံခဲ့ရခြင်းပင် ဖြစ်ပါသည်။

 

ခေတ်အဆက်ဆက်၌ ပြည်သူတို့အား အသိပညာပေးရန် လှုံ့ဆော်ခဲ့သည့် အနုပညာနယ်ပယ်အသီးသီးတွင် ရုပ်ရောအသံပါ တွေ့မြင်ခံစားရသော ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ဗီဒီယိုတို့မှာ အကောင်းဆုံးသော လူထုဆက်သွယ်ရေး ကိရိယာအနုပညာတစ်ရပ် ဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင် စိန်ရတုခေတ်ကာလတွင် စက်မှုပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် ရုပ်ရှင်သာမက ဗီဒီယိုကားများပါ အရေအတွက်များစွာ ထုတ်လုပ်လာကြသည့် ကာလဖြစ်ပါသည်။

 

6+

 

မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး တိုင်းတစ်ပါးမှ သရုပ်ပျက်ယဉ်ကျေးမှုများ ထိုးဖောက်မှုကိုကာကွယ်ပြီး အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့အတွက် ရုပ်ရှင်ဇာတ်ကားများ အနက် ဖြေနိုင်ပေါင်၊ ငါ့ညီငါ့မြေ ငါ့အမေ၊ နှလုံးသားနဲ့စစ်တာဝန်၊ အချစ်တစ်ပွဲစစ်ပွဲတစ်ရာ၊ ညတိုက်ပွဲ၊ အမိမြေမှ သားကောင်းများ၊ ပြည့်လက်ရုံး၊ ဓားငမောက်၊ မြင်စိုင်းသား၊ ငါ့နိုင်ငံတော်၊ ဝေလည်းမွှေး ကြွေလည်းမွှေး တိုက်ပွဲခေါ်သံ စသည့် ရုပ်ရှင်ဇာတ်ကားတို့မှာ ထင်ရှားခဲ့ပါသည်။

 

မျိုးချစ်စိတ်ဓာတ်ကိုအရင်းခံ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးအတွက်လည်းကောင်း၊ နယ်ချဲ့လက်သစ်တို့၏ ကျူးကျော် စွက်ဖက်မှုများကို တွန်းလှန်ကာကွယ်ရေး အတွက်လည်းကောင်း လှုံ့ဆော်ပေးသည့်ရုပ်ရှင်ဇာတ်ကား များကို ရိုက်ကူးထုတ်လုပ် ခဲ့ကြပါသည်။ အမျိုးသားရေး ရုပ်ရှင်ကားများကို ရိုက်ကူးတင်ဆက်ရာတွင် သမိုင်းဖြစ်ရပ်များကို အခြေခံ၍ တည်ဆောက် ထားသည့် ရုပ်ရှင်ဇာတ်ကား wyp: (Historical Plot Construction) copS: clogsopsor လေ့လာတွေ့ရှိရပါသည်။ သာဓကအားဖြင့် “ဖြေနိုင်ပေါင်” ရုပ်ရှင်ဇာတ်ကားသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းခဲ့ပုံများ၊ လွတ်လပ်ရေးရပြီးကာလ မြန်မာ့တပ်မတော်က ပြည်တွင်းသောင်းကျန်းဆူပူမှု အန္တရာယ်များကို ကာကွယ်တွန်းလှန်ခဲ့ပုံ စသည့် သမိုင်းနောက်ခံဖြစ်ရပ်များ၊ နယ်စပ်ဒေသပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးမှုလုပ်ငန်းများပေါ်တွင် အခြေခံ၍ ရိုက်ကူးတင်ဆက် ခဲ့သော မေတ္တာဘွဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်ကို တွေ့ရှိရပါသည်။ ထို့အပြင် “ဝေလည်းမွှေး ကြွေလည်းမွှေး” အမည်ရှိ ရုပ်ရှင်ဇာတ်ကားမှာလည်း မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားကာကွယ်ရေးစိတ်ဓာတ်တို့ကို မြှင့်တင်ပေးထားသည့် ရုပ်ရှင် ကားကောင်းတစ်ကားအဖြစ် မြန်မာ့ရုပ်ရှင် စိန်ရတုခေတ်ကို ဂုဏ်ပြုမြှင့်တင်ပေးနိုင်ခဲ့သည်ကို ကြည့်ရှုခံစားကြရမည် ဖြစ်ပါသည်။ ထိုဇာတ်ကားတွင် တပ်မတော်သို့ဝင်လာကြသော သားအဖတစ်ဦးနှင့်တစ်ဦး မသိရှာကြပုံ၊ နိုင်ငံတော်၏ ရန်ဆူးရန်ငြောင့်များကို တပ်မတော်သားများက အသက်စွန့်၍ တိုက်ခိုက်ကာကွယ်ကြပုံ၊ တပ်မတော်သားများမှာ တရားသောစစ်အတွက် အသက်ကို ပေးလှူကြရန် ဝန်မလေးကြပုံများကို မြင်တွေ့ခံစားခဲ့ကြရပြီး ထိုစစ်ကားမှာ လက်နက် ပစ္စည်းများမှစ၍ သရုပ်ဆောင်များပါမကျန် သဘာဝကျစွာ သရုပ်ဆောင်နိုင်ကြရန် တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၏ ခွင့်ပြုချက် အကြံပေးမှု၊ အကူအညီများကို ရယူခဲ့သဖြင့် အသက်ဝင် သဘာဝကျလှပြီးပီပြင်ပြောင်မြောက်သည့် ဂန္ထဝင်စစ်ကား တစ်ကားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်ကို တွေ့ရသည်။

 

3+

 

ထို့အပြင် ကိုလိုနီခေတ်အမွေဆိုးတစ်ခုဖြစ်သော စာမတတ်သူဘဝဆိုး၊ ဘဝမှောင်ထဲမှ လွတ်မြောက် အလင်းရောင်ရရန် “အရေး၊ အဖတ်၊ အတွက်" ဟူသော “အသုံးလုံး” တတ်မြောက်ရေးအတွက် ဒါရိုက်တာစာရေး ဆရာကြီးဦးသုခ၏ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်" (၁၉၇၃) အမည်ရှိရုပ်ရှင်ဇာတ်ကားမှာ စာရေးဆရာ မင်းကျော်၏ ခရီးသွားဆောင်းပါး ရှည်ကြီးကို အခြေခံ၍ ပညာပေးရသမြောက်လွန်းအောင် ဖော်ကျူးတင်ဆက်နိုင်ခဲ့သည့် စံပြရုပ်ရှင် ဂန္ထဝင်ရုပ်ရှင်ကား တစ်ကားအဖြစ် စံချိန် တင်နိုင်ခဲ့သည်။

 

ထိုစိန်ရတုခေတ်မှာပင် နှိုင်းတုမရသည့်မိဘမေတ္တာကို သရုပ်ဖော်ရိုက်ကူးတင်ဆက်ခဲ့သည့် ဆရာကြီးဦးသုခ၏ “ရွှေခြည် ငွေခြည်တန်းပါလို့” (၁၉၇၅)၊ ဒါရိုက်တာ ပန်းချီစိုးမိုး၏ “ကျနော်နှင့် ကိုဘကျော်” (၁၉၇၅)၊ ဒါရိုက်တာ ကြည်စိုးထွန်း၏ “စုန်ရေ” (၁၉၉၀) နှင့် မိခင်မေတ္တာသရုပ်ဖော် “သမီးနှင့် အမေများ” (၁၉၉၁) ရုပ်ရှင်ဇာတ်ကားတို့မှာလည်း ထူးခြား အောင်မြင်ပြောင်မြောက်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် ဒါရိုက်တာမောင်တင်ဦး၏ မြန်မာ့ရိုးရာသင်္ကြန်ယဉ်ကျေးမှုနှင့် မြန်မာ့ဂီတ အနုပညာ၏ တန်ဖိုးအလှကို ရသမြောက်စွာဖော်ကျူး တင်ဆက်ခဲ့သည့် “သင်္ကြန်မိုး” အမည်ရှိ ရုပ်ရှင်ဇာတ်ကားတို့မှာလည်း ထူးခြားအောင်မြင် ပြောင်မြောက်ခဲ့ပါသည်။ စိန်ရတုခေတ်မှာပင်ဒါရိုက်တာ စာရေးဆရာကြီး ဦးသုခနှင့် တွဲဖက်ဒါရိုက်တာ မောင်နှင်းမိုးတို့၏ “ရဟန်း စားသောဆွမ်းတစ်နပ်” (၁၉၉၁) အမည်ရှိ မြန်မာ့ ရုပ်မြင်သံကြားဇာတ်လမ်းမှာ ရုပ်ရှင်ဇာတ်ကား တစ်ကားမဟုတ်သော်လည်း ထေရဝါဒဗုဒ္ဓသာသနာပြု ရုပ်မြင်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ခြင်းကြောင့် စိန်ရတု ခေတ်ကာလ အတွင်း စံပြုဂုဏ်ယူဖွယ်ဖြစ်ခဲ့ပါသည်။

 

မြန်မာ့ရုပ်ရှင်စိန်ရတုသဘင်စာတမ်းဖတ်ပွဲကြီး

လွန်ခဲ့သည့် ၁၉၉၅ ခုနှစ်မှာ မြန်မာ့ရုပ်ရှင် စိန်ရတုခေတ်ကာလ (၇၅)နှစ်ပြည့်မြောက်သည့်နှစ်ဖြစ်၍ ထိုစဉ်ကနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရသည် မြန်မာ့ရုပ်ရှင်စိန်ရတုသဘင် အခမ်းအနားကျင်းပရေး ဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြဝတီစာပေတိုက် အမှုဆောင်အရာရှိချုပ် ဦးသိန်းစိန်အား မြန်မာ့ရုပ်ရှင်စိန်ရတုသဘင် အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့ပါသည်။

 

အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာ့ရုပ်ရှင်ဆိုင်ရာ စာတမ်း၁၀င်ဖတ်ကြားတင်သွင်းရမည်ဖြစ်၍ တစ်ရက်လျှင် စာတမ်း ငါးစောင်နှုန်းဖြင့် နှစ်ရက်ကျင်းပခဲ့ရသည်။ မြန်မာ့ရုပ်ရှင် စိန်ရတုသဘင် စာတမ်းဖတ်ပွဲကြီးကို ၁၉၉၅ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ ပဒုမ္မာအမျိုးသားဇာတ်ရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ထိုစဉ်က နိုင်ငံတော်အကြီးအကဲအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်အေးကျော်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရုပ်ရှင်စာပေဂီတ၊ သဘင်ဆိုင်ရာ အနုပညာရှင်များ စိတ်ဝင်စားသူပရိသတ်များ တစ်ခဲနက် တက်ရောက်ခဲ့ကြသည်။

 

ထိုအခမ်းအနားကြီးတွင် မြန်မာ့ရုပ်ရှင်အနုပညာဆိုင်ရာ အစဉ်အလာများကို စာပေအနေဖြင့် သုတေသနပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ သမိုင်းပြုစုခြင်း စသည့် လုပ်ငန်းများကို နောင်လာနောက်သားများအတွက် စဉ်ဆက်မပြတ် ပြုလုပ်သွားရေး နှင့် စပ်လျဉ်း၍ မြန်မာ့ရုပ်ရှင် စိန်ရတုသဘင် အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးသိန်းစိန်က “မြန်မာ့ရုပ်ရှင်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုခဲ့တဲ့ အနုပညာတစ်ရပ်အနေနဲ့ စတင်ခဲ့တာဖြစ်တဲ့အပြင် ခေတ်အဆက်ဆက်မှာ အနုပညာအစဉ်အလာကောင်းများ၊ အမျိုးသားရေး အစဉ်အလာကောင်းများ၊ အတတ်ပညာပိုင်းဆိုင်ရာ တီထွင်မှုအစဉ်အလာကောင်းများ မြောက်မြားစွာရှိခဲ့တဲ့ အနုပညာလုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။ ဒီလို အစဉ်အလာကောင်းများ ရှိပြီးဖြစ်တဲ့ မြန်မာ့ရုပ်ရှင် အနုပညာဆိုင်ရာ အစဉ်အလာများကို စာပေနဲ့ သုတေသနပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ သမိုင်းပြုစုခြင်း စတဲ့လုပ်ငန်းတွေကို နောင်လာနောက်သားအတွက် အမြဲမပြတ်ပြုလုပ်သွားဖို့လိုပါတယ်။ ဒီလိုပြုလုပ်သွား ခြင်းဖြင့် ရုပ်ရှင်လောကတစ်ခုတည်းအတွက်သာမက  တိုင်းပြည်နှင့် လူမျိုးအတွက် အမျိုးသားယဉ်ကျေးမှု မြှင့်တင်ရေး လုပ်ငန်းကိုပါ ဖြည့်ဆည်းပေးရာလည်း  ရောက်ပါတယ်။ ဒီအပြင် အနာဂတ်မျိုးဆက်သစ်ရုပ်ရှင် အနုပညာရှင်များအတွက် အမွေခံကောင်းများကို လက်ဆင့်ကမ်းပေးရာလည်း ရောက်ပါတယ်။ xxx

 

Xxx ယခုလို စာတမ်းဖတ်ပွဲမျိုးဟာ မြန်မာ့ရုပ်ရှင်ရဲ့  ၇၅ နှစ်တာခရီးမှာ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ အခမ်းအနား ဖြစ်တဲ့အတွက် မြန်မာ့ရုပ်ရှင်သမိုင်းမှာ အလွန်ထူးခြားလေးနက်လှတဲ့ ဆောင်ရွက်ချက်တစ်ရပ်အဖြစ် မော်ကွန်းမှတ်တိုင် စိုက်ထူရမှာဖြစ်ပါတယ်။xxx

 

xxx ယခုလို စာတမ်းဖတ်ပွဲမျိုးဟာ မြန်မာ့ရုပ်ရှင်ရဲ့ ၇၅ နှစ်တာခရီးမှာ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ အခမ်းအနား ဖြစ်တဲ့အတွက် မြန်မာ့ရုပ်ရှင်သမိုင်းမှာ အလွန်ထူးခြားလေးနက်လှတဲ့ ဆောင်ရွက်ချက်တစ်ရပ်အဖြစ် မော်ကွန်းမှတ်တိုင် စိုက်ထူရမှာဖြစ်ပါတယ်။xxx

 

xxx အနာဂတ်မှာလည်း မျိုးဆက်သစ်ရုပ်ရှင်အနု ပညာရှင်များအတွက် ရုပ်ရှင်ဆိုင်ရာကောင်းမွေများကို လက်ရှိရုပ်ရှင်ပညာ သည်များက လက်ဆင့်ကမ်းပေးအပ်နိုင်ဖို့ ရုပ်ရှင်ဆိုင်ရာ အထောက်အထားများ၊ မှတ်တမ်းမှတ်ရာများ၊ စာအုပ်စာတမ်းများ၊ စာကြည့်တိုက် ပြတိုက်များ၊ စနစ်တကျရှိဖို့ လိုအပ်နေပြီလို့ ပြောကြားလိုပါတယ်။ အထောက်အထား မှတ်တမ်းမှတ်ရာများ မရှိခဲ့ရင် သမိုင်းရေးရာပြုစုရာမှာ မစုံမလင်နဲ့မတိကျမှုတွေ ဖြစ်တတ်ပါတယ်။

 

ဒါကြောင့် ယနေ့စိန်ရတုကာလမှသည် လာမည့် ရာပြည့်နှစ်များအထိ ရုပ်ရှင်လောက တစ်ခုလုံးအတွက်ရော နိုင်ငံနဲ့ လူမျိုးအတွက်ပါ သမိုင်းတန်ဖိုးရှိနေမယ့် ရုပ်ရှင်ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပြတိုက်လုပ်ငန်းများ ပီပီပြင်ပြင် ခိုင်ခိုင်မာမာ ပေါ်ပေါက်လာအောင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ စည်းရုံးဦးဆောင်မှုကို ရုပ်ရှင်ပညာသည်များကပါ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါလို့ အလေးအနက်တိုက်တွန်းအပ်ပါတယ်” ဟူ၍ အဖွင့်အမှာစကား ပြောကြားသွားခဲ့ရာ ထိုလမ်းညွှန် အကြံပေးအမှာစကား ဩဝါဒမှာ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုလိမ့်မည်ဟု ခံယူထင်မြင်မိပါသည်။

 

မြန်မာ့ရုပ်ရှင်စိန်ရတုသဘင် စာတမ်းဖတ်ပွဲကြီးတွင် သဘာပတိများအဖြစ် ဒါရိုက်တာ ဦးခင်ဇော်နှင့် ဇာတ်ညွန်းဦးနေမျိုးတို့က ဆောင်ရွက်ခဲ့ကြပြီး စာတမ်းများ ဖတ်ကြားတင်သွင်းရာ၌ (၁) “မြန်မာ့ရုပ်ရှင်စက်မှု အတတ်ပညာပိုင်းဆိုင်ရာ အဆင့်ဆင့် တိုးတက်လာမှုများ” စာတမ်းကို မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ဦးစိုးဝင်း(စိုးဝင်းထွန်း) ကလည်းကောင်း၊ (၂) “ရသမြောက်သော အချစ်ရုပ်ရှင် ကားများ” စာတမ်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစောထွန်း(မောင်စောထွန်း-ကျောင်းကုန်း) က လည်းကောင်း၊ (၃) “သမိုင်းတင်ကျန်ရစ်သော ရုပ်ရှင် တေးဂီတများ” စာတမ်းကို မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာနမှ ဒေါ်ခင်ဆွေဟန်က လည်းကောင်း၊ (၄) “ရသမြောက်သော ဟာသရုပ်ရှင်ကားများ” စာတမ်းကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဝင်းတင်(သီဟအောင်) ကလည်းကောင်း၊ (၅) “လူစွန့်စားမြန်မာစတန့်သမားများ” စာတမ်းကို စာရေးဆရာ ဒါရိုက်တာ (ဦး)ပြည့်စုံက လည်းကောင်း၊ (၆) “မြန်မာ့သမိုင်းကို မှတ်တမ်းတင်သော မှတ်တမ်းတင် ရုပ်ရှင်ကားများ” စာတမ်းကို မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ဦးပွင့်ကျော် (မြပွင့်)ကလည်းကောင်း၊ (၇) “ရိုးရာယဉ်ကျေးမှုကို ထင်ဟပ် ပြသသော ရုပ်ရှင်ကားများ” စာတမ်းကို စာပေဗိမာန်မှ ဦးစိုးမြင့်(စိုးလွင်မြင့်)က လည်းကောင်း၊ (၈) “ကလေးဇာတ်လိုက်များကို အဓိကထား ၍ ရိုက်ကူးသော ရုပ်ရှင်ကားများ” စာတမ်းကို ရုပ်ရှင်သရုပ်ဆောင် (ဒေါ်) ချစ်ချစ်ဇော်ကလည်းကောင်း၊ (၉) “မျိုးချစ်စိတ်ဓာတ်ကို လှုံ့ဆော်သော ရုပ်ရှင်ကားများ” စာတမ်းကို မြဝတီစာပေတိုက်မှ စာရေးသူကလည်းကောင်း၊ (၁၀) “မြန်မာ့ရုပ်ရှင် သက်တမ်းတစ်လျှောက် ပြောင်းလဲလာသော ဝတ်စားဆင်ယင်မှုများ” စာတမ်းကို စာရေးဆရာမကြီး(ဒေါ်) စောမုံညင်းတို့က အသီးသီးဖတ်ကြား တင်သွင်းခဲ့ကြပါသည်။

 

၁၉၂၀ ပြည့်နှစ်မှ ထိုစဉ်က ၁၉၉၅ ခုနှစ်အထိ (၇၅) နှစ်ပြည့်မြောက်ခဲ့သည့် မြန်မာ့ရုပ်ရှင်စိန်ရတုကာလအထိ ထိုစဉ်က သက်ရှိထင်ရှား ရုပ်ရှင်အနုပညာရှင်များစွာနှင့် မြန်မာ့ရုပ်ရှင်ဆိုင်ရာ မဂ္ဂဇင်းများ၊ စာစောင်များကို ဂဃနဏ လေ့လာကြည့်သော အခါ ကိုလိုနီသူ့ကျွန်ဘဝအောက်မှ လွတ်မြောက်ရေးအတွက် ရုပ်ရှင်အနုပညာဖြင့် သရုပ်ဖော် လှုံ့ဆော်တင်ဆက်ခဲ့ကြရာ နယ်ချဲ့အစိုးရအာဏာပိုင်များ၏ အရေးယူခံခဲ့ရပုံများ၊ ရုပ်ရှင်အနုပညာရှင်များကိုယ်တိုင် ကိုယ်ကျပါဝင်ခဲ့ပုံများ၊ အမျိုးသား ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် တိုင်းကျိုးပြည်ပြုဇာတ်ကားများ ရိုက်ကူးတင်ပြခဲ့ပုံများ၊ ပုဂ္ဂလိက အကျိုးစီးပွားအတွက် သာမဟုတ်ဘဲ အမျိုးသားအကျိုးစီးပွားကို ဦးစားပေး ထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်အချို့၏ မွန်မြတ်လှသော ခံယူချက်များ၊ လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်း မှန်သမျှတွင် ရုပ်ရှင်အနုပညာ ရှင်များ ကျရာအခန်းကဏ္ဍမှ ပါဝင်ခဲ့ပုံများကို ထဲထဲဝင်ဝင် သိရှိလာရသဖြင့် စာတမ်းတစ်စောင်တစ်ဖွဲ့ သာမက ကျမ်းကြီးကျမ်းငယ် အစောင်စောင် ရေးသားပြုစုရမည် ဖြစ်ပါသည်။

ထိုစဉ်က ရန်ကုန်တက္ကသိုလ်ရှိ မြန်မာစာဌာန၊ သမိုင်းဌာန၊ ဒဿနိကဗေဒဌာနရှိ မဟာဝိဇ္ဇာဘွဲ့ယူ ကျမ်းများ ရေးသားပြုစု ကြရာတွင် မြန်မာ့ရုပ်ရှင်၊ မြန်မာ့ဂီတ၊ မြန်မာ့သဘင် စသည့် အနုသုခုမပညာရပ်ဆိုင်ရာ သုတေသနကျမ်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။ ၁၉၂ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်၊ ၁၉၄၆ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ မြန်မာ့ရုပ်ရှင် ငွေရတုရော ရွှေရတုသဘင် အခမ်းအနားများ၌ပါ မြန်မာ့ရုပ်ရှင်ဆိုင်ရာ စာတမ်းဖတ်ကြားပွဲများ မကျင်းပနိုင်ခဲ့ပါ။ မြန်မာ့ရုပ်ရှင် သက်တမ်း(၇၅)နှစ် ပြည့်မြောက်သည့် စိန်ရတုသဘင် အခမ်းအနား ကျင်းပမှသာ နိုင်ငံတော်အစိုးရက ဦးဆောင်ကာ မြန်မာ့ရုပ်ရှင် စိန်ရတုသဘင် စာတမ်းဖတ်ပွဲ အခမ်းအနားကြီးကို ပထမဦးဆုံး စတင်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဖတ်ကြားတင်သွင်းခဲ့သော မြန်မာ့ရုပ်ရှင် ဆိုင်ရာ သုတေသနစာတမ်း ၁၀ စောင်ကို မြန်မာ့ရုပ်ရှင် စိန်ရတုသဘင် ကျင်းပရေးသုတေသန လုပ်ငန်းအဖွဲ့ ၏ အစီအစဉ်ဖြင့် မြဝတီစာပေတိုက်မှ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိနိုင်ခဲ့ပါသည်။ ယခုကျင်းပမည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အခမ်းအနားကြီး၌လည်း မြန်မာ့ရုပ်ရှင်ဆိုင်ရာ စာတမ်းဖတ်ပွဲပါဝင်မည်ကို ကြားသိရပါသဖြင့် အလွန်ဝမ်းမြောက်ပီတိဖြစ်ရပါသည်။ နှုတ်တစ်ရာ စာတစ်လုံးဆိုသကဲ့သို့ ဖတ်ကြားတင်သွင်းမည့် သုတေသနစာတမ်းများကို ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည်ဆိုပါက မြန်မာ့ရုပ်ရှင် သမိုင်းအတွက် မော်ကွန်း၊ မှတ်တမ်း၊ သမိုင်းဆိုင်ရာ အထောက်အထားများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။

 

အချုပ်ဆိုရပါလျှင် မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် ကနဦး စတင်ပေါ်ပေါက်လာခဲ့သည့် အချိန်မှစ၍ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုများနှင့်အတူ ဖျော်ဖြေရေးသက်သက်မဟုတ်ဘဲ ဖြတ်သန်းလာခဲ့ရသည့် ခေတ်အဆက်ဆက်တွင် တိုင်းချစ် ပြည်ချစ်စိတ် ထွန်းကားရေး၊ ပရိသတ်ပြည်သူများအသိအမြင်ပညာနှင့် ဘဝသင်ခန်းစာကောင်းများ ရရှိရေး၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများ ထွန်းကားရေး၊ သရုပ်ပျက်ယဉ်ကျေးမှု တိုက်ဖျက်ရေးနှင့် ရသအနုပညာခံစားနိုင်ရေးတို့ကို ရှေးရှုပြီး ရိုက်ကူးတင်ဆက်ခဲ့ကြသည်ကို ဂုဏ်ယူဖွယ်တွေ့ရပါသည်။ မြန်မာ့ရုပ်ရှင် အနုပညာရှင်များသည် အမိမြန်မာနိုင်ငံတော်ကြီး ဖြတ်သန်းခဲ့ရသည့် ခေတ်ကာလအဆက်ဆက်တွင် အမျိုးသားရေးလုပ်ငန်းများ၌ ကိုယ်တိုင်ကိုယ်ကျ စွန့်စားကြိုးပမ်း ပါဝင်ဆင်နွှဲ ခဲ့ကြသည်များမှာလည်း သမိုင်းမော်ကွန်း ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင်လောကတွင် အနုပညာအစဉ် အလာကောင်းများရှိပြီးဖြစ်ရာ နှစ်(၁၀၀)ပြည့်မြန်မာ့ ရုပ်ရှင်ပွဲတော်ကြီးမှသည် အနာဂတ်မြန်မာ့ရုပ်ရှင်လောက တစ်လျှောက်လုံး အနုပညာ အတတ်ပညာ၊ နည်းပညာကြွယ်ဝစွာဖြင့် စံပြုထိုက်သည့် မြန်မာ့ဂန္ထဝင် ရုပ်ရှင်ဇာတ်ကားကောင်း များအဖြစ် ကမ္ဘာ့ရုပ်ရှင်ပရဝဏ်အတွင်းသို့ အောင်မြင်စွာ ထိုးဖောက်လွှမ်းမိုးနိုင်ပါစေကြောင်း အရေးထားလေးစားစွာဖြင့် ရေးသားဆန္ဒပြု တင်ပြလိုက်ပါသည်။   ။