မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဒါရိုက်တာမောင်ခင်ဇော် (ကေသီပန်)နှင့် ရုပ်ရှင်စကားဝိုင်း

(၈.၃.၂၀၂၀ ရက်နေ့မှ အဆက်)

 

တွေ့ဆုံမေးမြန်း

ဒါရိုက်တာ ကြည်စိုးထွန်း

 

ဒီတစ်ပတ် ရုပ်ရှင်စကားဝိုင်းကို ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့်ပုဂ္ဂိုလ်ကတော့ ခင်ဇော် (ကေသီပန်) ဆိုပြီးတော့ နာမည်ရှိတဲ့သူပါပဲ။ အခုကတော့ ဆရာဦးခင်ဇော်လို့ ကျွန်တော်တို့ ခေါ်ဆိုပါတယ်။ ဆရာဦးခင်ဇော်ဟာ နာမည်ကျော် လူငယ်ဒါရိုက်တာ မိုက်တီးရဲ့ ဖခင်ဖြစ်သလိုပဲသရုပ်ဆောင် ချစ်ချစ်ဇော်တို့၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ ဆရာ့ရဲ့ ဖြတ်သန်းလာရတဲ့ ဘဝက ကျွန်တော်တို့ မမွေးခင်ကတည်းက ရုပ်ရှင်လောကကို ဝင်ရောက်ပြီးတော့ ရုပ်ရှင်လုပ်ငန်းတွေလည်း လုပ်လာတယ်။ လုပ်လာပြီးတဲ့နောက်မှာ ဆရာက ရုပ်ရှင်လောကသားတွေရဲ့ အကျိုးကိုလည်း တစ်ပိုင်းကနေဆောင်ရွက်ပေးခဲ့တာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။

 

ကြည်စိုးထွန်း။ ။ ဪ ဦးအောင်မြင့်မြတ်ဟုတ်တယ်ဆရာ။ အဲဒီတုန်းက လှုပ်ရှားကြတာပေါ့။ နောက် ဆရာ ချစ်ချစ်ဇော်တို့လည်း စာတမ်းတွေ ဖတ်တယ်ထင်တယ်။

 

ဦးခင်ဇော်။ ။ စာတမ်း တွေကကျွန်တော်တို့က ဟိုဘက်မှာ။

 

ကြည်စိုးထွန်း။ ။ ပဒုမ္မာကွင်း စမ်းချောင်းမှာ။ စာတမ်း ၁၀ စောင်လားမသိဘူး တော်တော်များများ ဖတ်ကြတယ်။

 

ဦးခင်ဇော်။ ။ စာတမ်းငယ် ဆိုပြီးတော့။

 

mdn

 

 

ကြည်စိုးထွန်း။ ။ အဲဒါလည်း စာအုပ်ထွက်တယ် ဆရာ။ ကောင်းပါတယ်။ နောက်တစ်ခုက ဒီဘက် ကနေပြီးတော့ ကျွန်တော်တို့အုပ်စုတွေကတော့ ပြဇာတ်တွေ ကကြတာပေါ့။ ကျွန်တော်က ရုပ်ရှင်ခရီးသည်ဆိုတဲ့ ပြဇာတ် ကလေး အဲဒီတုန်းက ကျွန်တော်ကသေးတယ်။ ဘာပဲဖြစ်ဖြစ် စိန်ရတုမှာ ကျွန်တော် အကျိုးရှိဆုံးဟာကတော့ စုဆောင်းမိတာပဲထင်တယ်။ ဆိုပါတော့ ဆရာ ရုပ်ရှင်ကြော်ငြာတွေ စုမိတယ်။ နောက်ရုပ်ရှင်ကားထုပ်တွေ စုတယ်။ နောက်တစ်နိုင်ငံလုံးကနေ ဒါကိုစိတ်ဝင်စားတယ် ဆရာ။ စိတ်ဝင်စားပြီးတော့ ရုပ်ရှင် အစည်းအရုံးနဲ့ ရုပ်ရှင်လုပ်ငန်းကို ပိုစတာတွေ၊ ကြော်ငြာတွေ တော်တော်များများ ပို့တာဆရာ။ အဲဒီပို့တာက နေပြီးတော့ တကယ့်ကို ကျွန်တော်တို့ရဲ့ အမွေအနှစ် ဖြစ်တဲ့ ရုပ်ရှင်ပြတိုက်ကြီးဆရာ အဲဒါပြီးမှ ဖြစ်တာမဟုတ်လား။ စိန်ရတုပြီးမှ ရုပ်ရှင် ပြတိုက်ကြီးဖြစ်သွားတာ ဒါကတော့ တော်တော့်ကို ကျွန်တော်တို့ဂုဏ်လည်း ယူစရာကောင်းတယ်။ အကျိုးကျေးဇူးလည်း ရှိတယ်ထင်တယ်။ အဲဒီပြတိုက်မှာလည်း ဆရာတို့လည်း တာဝန်ယူရတာပဲ။ ဆရာ တို့လည်း ရုပ်ရှင်ပြတိုက်ကော်မတီမှာ ပါဝင်လှုပ်ရှားပြီးတော့ တာဝန်ယူခဲ့ရတာပဲ။ စာကြည့်တိုက်ဖြစ်လာတယ်။ ပြတိုက် ဖြစ်လာတယ်။ တန်ဖိုးအရှိဆုံးပါပဲ ဆရာ။

 

ဦးခင်ဇော်။ ။ဒါပေမယ့် ခက်တာက စာကြည့်တိုက်က အမြဲတမ်း လှုပ်ရှားနေမှ ကောင်းတယ်။ ငြိမ်သွား လိုက်တာနဲ့ တစ်ခါတည်း လေယာဉ်ပျံကြီးလိုပဲ လေယာဉ်ပျံကောင်းကင်မှာ ပျံနေတယ်။ စက်နဲ့ တဝီဝီတော့သွားနေတာပဲ။ စက်ရပ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ထိုးကျသွားတာပဲ။ အခု အဲဒီစာကြည့်တိုက်ဆိုတဲ့ဟာက စာအုပ်တွေ အစုံထားပေမယ့်လို့ လာမကြည့်ကြဘူး။

 

ကြည်စိုးထွန်း။ ။ စာအုပ်တွေက တော်တော်များများရှိတယ်။ သိပ်တော့မလာကြဘူးပေါ့။ ပြတိုက်မှာလည်း အဝတ်အစားနဲ့ပတ်သက်ပြီး အများကြီးရှိတယ် ဆရာ။ တကယ်လည်း ဗဟုသုတရစရာတွေ အများကြီးပါပဲ။ အခုတော့ ရုံးပိတ်ရက်တိုင်း ပြတိုက်ကတော့ ဖွင့်ဖွင့်ပေးနေပြီးတော့ လာလည်းလာကြပါတယ်။ ကျောင်းသား ကျောင်းသူလေးတွေလည်း လာကြည့်ကြတယ်။ ဒါကတော့ ကျွန်တော်ထင်တယ် ပုဂ္ဂလိကထဲမှာ အထင်ရှားဆုံးပြတိုက်ပြပါ ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး ပြတိုက်ပဲ ထင်ပါတယ်။ အဆောက်အဦကြီးကလည်း ကျွန်တော်ထင်တယ်။ နှစ်ပေါင်း ၈၀၊ ၉၀ လောက် ရှိပြီထင်တယ်။ အဲဒီအဆောက် အဦကြီးကလည်း တော်တော်လေး Antique ပေါ့ ဆရာ။ အဲဒီမှာထိုင်တဲ့ပုဂ္ဂိုလ်တွေကလည်း Antique တွေ ဆရာ။ ၈၀ ကျော်တွေချည်းပဲ။ ဦးတင်ယုလည်း အဲဒီမှာ ထိုင်တယ်ဆိုတော့ အဲဒါလေးကတော့လည်း စိန်ရတုရဲ့ တကယ့်ကို အမွေအနှစ်ကလေးက ကျေးဇူးရှိပါတယ် ဆရာ။

 

ဦးခင်ဇော်။ ။ စိန်ရတုရဲ့ အမွေအနှစ်က အဲဒီလို ရသလို ရွှေရတုတုန်းကလည်း ရတဲ့ငွေနဲ့ ခန်းမကြီး ဆောက်ပစ်လိုက်တယ်။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ဆရာ။ ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး ဝင်ဝင်ချင်းခန်းမကြီးပေါ့ဆရာ။ အခုအထိ လည်း သုံးနေတာပေါ့ ဆရာ။

 

ဦးခင်ဇော်။ ။ အဲဒီဟာရဲ့ ပထမကျေးဇူးတင်ရမှာက ရုပ်ရှင်နဲ့ပြဇာတ်အစည်းအရုံး၊ ရုပ်ရှင်နဲ့ ပြဇာတ် အစည်းအရုံးဟာ ငွေရတုတုန်းက သူက ကျဆုံးတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ဈာပနကို ရိုက်ပြတယ်။ ပြလိုက်တဲ့ အခါကျတော့ ကြည့်တဲ့သူက များတယ်။ ဝင်ငွေကလည်း တော်တော်ကြီးရတယ်။ ဝင်ငွေကလည်း တော်တော်လေးရတော့ အောက်ကမြေကွက်ကို ဝယ်နိုင်တဲ့အထိ ဖြစ်သွားတယ်။

 

ကြည်စိုးထွန်း။ ။ ဪအခုရုပ်ရှင် အစည်းအရုံးအောက်က မြေကွက်ကြီးကို။

 

ဦးခင်ဇော်။ ။မြေကွက်ကြီးက ပထမအကျယ်ကြီး ဒီထောင့်တွေပါ တစ်ခါတည်းပါတာ။ အခုကျတော့ တဖြည်းဖြည်း။

 

ကြည်စိုးထွန်း။ ။ နည်းနည်း ကျဉ်းလာတာပေါ့လေ။ ရန်ပုံငွေလိုတော့လည်း ဖဲ့ဖဲ့ရောင်းရင်းနဲ့ထင်ပါရဲ့။ နည်းနည်းကျဉ်းလာတယ် ထင်ပါတယ် ဟုတ်လား ဆရာ။

 

ဦးခင်ဇော်။ ။ ငွေလိုတယ်ဆိုတာလည်း အစည်းအရုံးမယ် မရှိပါဘူး။ ကျွန်တော်ကတော့ ဒီလိုမထင်ဘူး။ အရာဝတ္ထုတစ်ခု၊ အသီးအနှံတစ်ခု၊ နေပူထဲချထားရင် တဖြည်းဖြည်း ကျုံ့ကျုံ့သွားသလိုပေါ့။

 

ကြည်စိုးထွန်း။ ။ ဟုတ်ပါပြီဆရာ။ ငွေရတုရဲ့ အသီးအပွင့်က ဘာလဲဆိုတော့ အခုမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နေရာကြီးကို ငွေရတုကနေပြီးတော့ အမွေပေးသွားတယ်။ နောက်တစ်ခါ ရွှေရတုကျတော့ ဒီရုပ်ရှင်အစည်းအရုံးထဲမှာ အကြီးဆုံးပေါ့နော်။ အကြီးဆုံး ခန်းမကြီးတစ်ခုကို ဆောက်နိုင်ခဲ့တာပေါ့ ဆရာ။ နောက်တစ်ခါ စိန်ရတုကျတော့ ကျွန်တော်တို့က တကယ့်တန်ဖိုးရှိတဲ့ ပြတိုက်ကြီးဖြစ်အောင် အမွေပေးလာတယ်ပေါ့ဆရာ။ ဘာလိုလိုနဲ့ ဆရာရေ နောင် ၁၀ နှစ်၊ ၁၁ နှစ်နေရင် ရုပ်ရှင်က နှစ် ၁၀၀ ပြည့်တော့မယ်ဆရာ။ အဲဒီကျရင်တော့ ကျွန်တော်တို့က ဘာတွေများထပ်ပြီးတော့ အမွေပေးနိုင်ဦးမယ်ဆိုတာ မျှော်မှန်းကြည့်ရရင်တော့နော် ဆရာ နော်။ ပေးချင်ပါတယ် ဆရာရယ်။ တကယ် တန်ဖိုးရှိတဲ့ဟာ တစ်ခုပေါ့။ ပြောပါဦး ဆရာ။ အဲဒီတော့ စိန်ရတုရဲ့ အတွေ့အကြုံတွေကို။

 

ဦးခင်ဇော်။ ။ စိန်ရတုရဲ့ အတွေ့အကြုံကတော့ ကျွန်တော်ကတော့ ကျွန်တော့်အခန်းကနေ ဘယ်မှ မသွားဘူး။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဆရာ။ တပ်မတော် ခန်းမက ပြခန်းမှာပဲ။

 

ဦးခင်ဇော်။ ။ ပြခန်းမှာပဲ ကျွန်တော်နေပေး နေရတော့ ကျန်တဲ့ဟာတွေ ကျွန်တော် သိပ်မသိဘူး။

 

ကြည်စိုးထွန်း။ ။ ဧည့်သည် တွေလည်းလာတယ်နော်။ ကြည့်တဲ့သူတွေကလည်း ဆရာရေ ဆရာနဲ့ ကျွန်တော်နဲ့ ငွေရတုကို ဖြတ်သန်းလိုက်၊ ရွှေရတုကို ဖြတ်သန်းလိုက်၊ စိန်ရတုကို ဖြတ်သန်းလိုက်၊ နောင်ရာပြည့်ကိုလည်း လှမ်းမျှော်ကြည့်လိုက်နဲ့ ရုပ်ရှင်လောကမှာ ကျင်လည်ခဲ့ကြတဲ့အထဲမှာ ဆရာ့အနေနဲ့ ရုပ်ရှင်ခေတ် တစ်လျှောက်မှာ ကြော်ငြာပုံအမျိုးမျိုးရှိတာပေါ့ ဆရာရယ်။ တစ်ခါတည်း ခေတ်ဟောင်းတုန်းကဆိုရင်လည်း ကားတွေနဲ့ ကြော်ငြာတာတို့၊ တစ်ခါတည်း လူပေါ်မှာ ၃၆ ကောင် အရုပ်ရေးပြီး ကြော်ငြာတာတို့ ဆရာတို့ ပဲရော့ကပဲ အဲဒီလို ကြော်ငြာတယ်။

 

ကြည်စိုးထွန်း။ ။ ကြော်ငြာ တာတွေအမျိုးမျိုး ရှိတယ်။ နောက်ကျတော့ ကြော်ငြာစာရွက်မှာပဲ သူတို့က ကဗျာလေးတွေနဲ့၊ လင်္ကာလေးတွေနဲ့ ရေးပြီးတော့ ကြော်ငြာတာတွေ အများကြီးရှိပါတယ်။ အဲဒီအထဲက ဆရာ မှတ်သားခဲ့တာလေးတွေ၊ စိတ်ထဲမှာ စွဲလမ်းခဲ့မိတာလေးတွေ ပြောပါဦး ဆရာ။

 

ဦးခင်ဇော်။ ။ အဲကျွန်တော် ရေးလာခဲ့တာလေး တချို့တော့ ရှိတာပေါ့။ အဲဒီဟာလေး ကျွန်တော်ပြောပြမယ်။ ၁၉၂၈ ခုနှစ် နယ်ချဲ့လက်ထက်က မြန်မာသူပုန်ကို ကမ္ဘာတုန်အောင် အာရုံစိုက် ခဲ့သော တောပုန်းကြီးစံဖဲ။

 

ကြည်စိုးထွန်း။ ။ တောပုန်းကြီး စံဖဲ ရွှေဘ။

 

ဦးခင်ဇော်။ ။ နာမည်ကြီးတိုင်းလည်း ကြောက်မနေကြပါနဲ့။ ဂုဏ်ယူလောက်တဲ့ အာဇာနည် မြန်မာပြည် မက ကမ္ဘာ့သတင်းစာကြီးများကပင် နယ်ချဲ့အစိုးရနှင့် ကမ္ဘာသိအောင် သတိပေးစကား စိုးရိမ်မကင်း ရေးသားကြလို့ ကမ္ဘာကျော်သွားရတဲ့ တောပုန်းကြီး စံဖဲ ဒီဇာတ်ကားကို ရုပ်ရှင်စစ်ဆေးရေး အရာရှိကြီးများ စုံရာရှေ့မှာ အစစ်ဆေးခံရာ တစ်နိုင်ငံလုံး စံဖဲကြီး ဖြစ်ကုန်မှာ စိုးရသည့် ၁၉၂၈ ခုနှစ် အဖြစ်အပျက်ဟု ထိပ်စီးစာကြီးကြီး ထည့်သွင်းသည်မှပြစေဟု အမိန့်ရ၍..တောပုန်းကြီး စံဖဲ..

 

(ဆက်လက်ဖော်ပြပါမည်)