မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို MRTV မှ အပတ်စဉ် သောကြာနေ့ညတိုင်း ပြသလျက်ရှိ

နေပြည်တော်  ၃၀  စက်တင်ဘာ

 

မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ်(၁၀၀)ကို တစ်ပတ်လျှင် (၁၀)ပုဒ်ဖြင့် အပတ်စဉ် သောကြာနေ့ ညတိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ည(၈)နာရီသတင်းများအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ  အောက်တိုဘာ ( ၂ )ရက် ညတွင် ပွဲစဉ်(၉) အဖြစ် စန္ဒရားဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နှင့်အတူ တေးသံရှင်သန်းမြတ်စိုး၊ ကေတုဝင်းထွတ်၊ ဖိုးသောကြာ၊ ရဲထိုက်၊ တင်တင်မြ၊ တက္ကသိုလ်လဲ့လဲ့၊ ရွှေရည်သိန်းတန်၊ ယဉ်ဝေယံထွန်း၊ ရွှေယမင်းဦး၊ သဲနုဝါ၊ စိမ့်နေခြည်၊ သူဇာအောင်တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။ 

 

အဆိုပါတင်ဆက်ခဲ့မှုကို အောက်တိုဘာ ၄ ရက် တနင်္ဂနွေနေ့  နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။  

 

သတင်းစဉ်