မြန်မာ့ထွက်ကုန် ပဲကြီးနှင့် နှမ်းနက်များ ပြည်ပဝယ်လိုအားကြောင့် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀ ထိမြင့်တက်

မန္တလေး စက်တင်ဘာ ၁၁

 

မြန်မာ့ထွက်ကုန်သီးနှံ ပဲကြီးနှင့် နှမ်းနက်များ ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၏ ဝယ်လိုအား ကောင်းမွန်လာမှုကြောင့် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀ ထိ မြင့်တက်လျက်ရှိကြောင်း မန္တ လေး ပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါ သီးနှံများအနက် ပဲကြီးမှာ ပေါ်ဦးပေါ်ဖျား မတ်လအတွင်းက သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် အဖွင့်ဈေး စခဲ့သော်လည်း ယခုစက်တင်ဘာလအတွင်း၌ တရုတ်နိုင်ငံ၏ ဝယ်လိုအား ကောင်းမွန်မှုကြောင့် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀ ထိမြင့်တက်လာခဲ့ပြီး နှမ်းနက်မှာလည်း ပေါ်ဦးပေါ်ဖျား ဇွန်လအတွင်းက သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀ ပေါက်ဈေးသာ ရှိခဲ့ရာမှ ယခုရက်ပိုင်း၌ ငွေကျပ် ၂၀၀၀၀၀ ထိ မြင့်တက်ကာ အရောင်းသွက်လျက် ရှိကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) မှ သိရသည်။

 

ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည့် ပဲများအနက် ပဲကြီး၊ နှမ်းနက်များအပြင် ပဲဇီးကွက်၊ ပဲတီစိမ်းနှင့် နှမ်းဖြူများလည်း ဈေးနှုန်းမြင့်တက်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရ သည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)

mdn