မဏိရတနာကျောက်စိမ်းခန်းမတွင် ခုတင် (၁၅၀၀)ဆံ့ ကိုဗစ်-၁၉ ကုသရေးစင်တာအဖြစ် ဖွင့်လှစ်ဆောင်ရွက်မည်

နေပြည်တော် ၊ ဇူလိုင်  ၁၉

 

ကိုဗစ်-၁၉ ရောဂါများ တိုင်းဒေသကြီး/ပြည်နယ်များသို့ ကူးစက်ပြန့်ပွားလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ရောဂါကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ခုတင် (၁၅၀၀)ဆံ့ ကိုဗစ်-၁၉ ကုသရေးစင်တာ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါစင်တာတွင် တပ်မတော်မှအထူးကုသမားတော်ကြီးများ ဦးဆောင်၍ တစ်ဖွဲ့လျှင် တပ်မတော် ဆရာဝန်သူနာပြု (၁၂) ဦးစီပါဝင်သည့် အဖွဲ့ (၂) ဖွဲ့ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ကိုဗစ် ၁၉လူနာများ ကို လက်ခံကုသစောင့်ရှောက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ လူနာပေါင်း (၁၅၀၀)ကို လက်ခံကုသပေးမည်ဖြစ် ကြောင်းသိရှိရသည်။

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုများကို ထိန်းချုပ်ကုသမှုပေးနိုင်ရန် ယခုလို ကျောက်စိမ်းခန်းမကို ကိုဗစ်-၁၉ ကုသရေးစင်တာအဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်တွင် ကုသရေးဆေးရုံ (၁၂)ခု၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ကုသသည့်နေရာ (၈)ခု၊ Quarantine Centre (၉)ခုထားရှိ ဆောင်ရွက်လျက်ရှိပြီး မဏိရတနာကျောက်စိမ်းခန်းမတွင် ခုတင်(၁၅၀၀)ဆံ့ ကိုဗစ်-၁၉ ကုသရေး စင်တာကို ဇူလိုင်(၂၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှသိရသည်။

 

 (ခရိုင်ပြန်/ဆက်)