မွန်ပြည်နယ် ကျိုက်မရောတွင် အတ္တရံမြစ်ရေကြီးခြင်းကြောင့် လယ်ဧက ၂၀၅၆၆ ဧက ရေကြီးနစ်မြုပ်

ကျိုက်မရော ၁၅ သြဂုတ် 


မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီး အတ္တရံမြစ်ရေ မြင့်တက်မှုများကြောင့် လယ်ဧက ၂၀၃၆၆ ဧက ရေကြီးနစ်မြုပ်ခဲ့ပြီး စပါးစိုက်ဧက ၂၀ဝ၀ဝ ကျော် ပျက်စီးခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှု စာရင်းအင်းဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ကျေးရွာအုပ်စုပေါင်း ၄၅ ရွာမှ တောင်သူပေါင်း ၄၇၈၇ ဦး၏ လယ်ဧကနှစ်သောင်းကျော် ရေလွှမ်းခဲ့ခြင်းဖြစ်သဖြင့် ရေပြန်ကျသည့်အချိန်ကို စောင့်ပြီး ထိခိုက်ပျက်စီးစာရင်း အတိအကျကို ပြန်လည်ကောက်ယူ၍ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ကိုမင်းထံမှ သိရသည်။


ထို့အပြင် ယခုလက်ရှိတွင် ရေကြီးနစ်မြုပ်နေဆဲဖြစ်၍ ပြန်လည်ရှင်သန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် တောင်သူများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


ချိူမြတ်မြတ်ထွေး (ကျိုက်မရော)