မွန်ပြည်နယ် ဝန်ကြီးချုပ်(ဖလား )(၁၀) မြို့နယ် အသက်(၂၁) နှစ် ​အောက် အမျိုးသား ​ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

mdn

ကျိုက် မ​ရော        ၂၉ နိုဝင်ဘာ   

 

မွန်ပြည်နယ်၊ ကျိုက် မ​ရော မြို့နယ်တွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၉ခုနှစ်မွန်ပြည်နယ် ဝန်ကြီးချုပ်(ဖလား) (၁၀)မြို့နယ် အသက် ၂၁ နှစ်​အောက် အမျိုးသား​ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယ​​နေ့ည​နေ  ၃နာရီက ကျိုက်မ​ရောမြို့နယ်၊အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

 

​ရှေးဦးစွာ ပြိုင်ပွဲဝင် အသင်းများကအားကစားကွင်း အတွင်း သတ်မှတ်​နေရာအသီးသီးတွင် ​နေရာယူပြီး ကျိုက်မ​ရော မြို့နယ်မှဂုဏ်ပြု အဖွင့်သီချင်းဖြင့်​ဖျော်​ဖြေတင်ဆက်သည်။ ဆက်လက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား လူမူ​​ရေး ဝန်ကြီး​ဒေါက်တာ ထိန်လင်း ကပြိုင်ပွဲအား အဖွင့်မိန့်ခွန်း​ပြောကြား၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင် အားကစားသမားများကအားကစားသစ္စာ အဓိဌာန် ရွတ်ဆိုကာအားကစားကွင်း အတွင်းမှ ပြန်လည် ထွက်ခွာသွားကြသည်။ ယင်းနောက် ကျိုက်မ​ရော မြို့နယ် မှသရုပ်ပြ အဖွဲ့များ မှ Fitness Dance ဖြင့်သရုပ်ပြသခြင်း ၊ ကရင်ဒုံးယိမ်းအကများဖြင့်​ဖျော်​ဖြေတင်ဆက်ခဲ့ကာဘောလုံးပြိုငိပွဲ ကွင်းဖွင့်ပွဲ အဖွင့်ပွဲစဥ်အဖြစ် အိမ်ရှင် ကျိုက်မ​ရောမြို့နယ် လက်​​ရွေးစင် အသင်းနှင့် ​မော်လမြိုင် မြို့နယ် လက်​​ရွေးစဉ်အသင်း တို့ ယှဉ်ပြိုင် ကစားခဲ့ကြ​မည်ဖြစ်သည် ။

 

ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ မြို့နယ်ဌာနဆိုင်ရာများ၊ ဆယ်မြို့နယ် ပြိုင်ပွဲဝင် အားကစားသမားများနှင့် ​ဘောလုံးဝါသနာရှင်များက အားကစားကွင်းပြည့်လျံသည် အထိ အား​ပေးခဲ့ကြကြောင်း သိရသည်။

 

ချို မြတ်မြတ်​ထွေး( ကျိုက်မ​ရော )