မွန်ပါတီနှစ်ခုကို တစ်ပါတီတည်း ပေါင်းစည်းရေးရှင်းလင်းပွဲပြုလုပ်

ရေး ၁၁ ဖေဖော်ဝါရီ


မွန်ပြည်နယ်  ရေးမြို့ မွန်ဓမ္မာရုံမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့  မနက်က  မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နဲ့  မွန်အမျိုးသားပါတီကို တစ်ပါတီတည်းဖြစ်အောင် ပေါင်းစည်းရေးရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။ 


လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်တစ်မျိုးသားလုံးကိုယ်စားပြုမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ နေရာ အများဆုံးရရှိဖို့အတွက်နဲ့ မွန်တစ်မျိုးသားလုံးကိုယ်စားပြုမယ့်ကိုယ်စား လှယ်တွေပိုမိုပေါ် ထွက်လာဖို့ အတွက်တက်ရောက်လာသူတွေက မျှော်လင့်ထားကြပါတယ်ဟု ဆိုသည်။ 


မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မွန်အမျိုးသားပါတီနဲ့ အမျိုးသမီးမွန်ပါတီဆိုပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လာခဲ့ပေမယ့် မွန်ပါတီတွေက အားလုံး ၄ နေရာလောက်ပဲရရှိတဲ့အပေါ်မှာ အခုလိုမွန် တစ်မျိုးသားလုံးကိုယ်စားပြုမယ့်ပါတီတွေထဲ မှ တစ်ပါတီတည်းပေါင်းစည်းသွားဖို့အတွက်ဖြစ်ပါတယ်ဟု မွန်ဒေ သလုံးဆိုင်ရာဒီမိုကရေစီ ပါတီ တွဲဖက်အတွင်းရေးမှူး  နိုင်စံတင် က ပြောသည်။


နှစ်ဖက်ပါတီဝင်တွေ ရှိတဲ့ မြို့နယ်တိုင်းမှာရှင်းလင်းပွဲတွေ ပြုလုပ်သွားဖို့ ရှိသလို မွန်နှစ်ပါတီပေါင်းစည်းရေးကို ၂၀၁၇ ခုနှစ်ကတည်းက စတင်ဆွေးနွေးခဲ့ရာ ၆ ကြိမ်မြောက်ပါတီဝင်ခေါင်းဆောင်တွေ ဆွေးနွေးပြီးမှ အခုလို ပါတီဝင်တွေ ရှင်းလင်းချပြရခြင်းဖြစ်ကြောင်းသိရသည်။


နေမျိုးထွဋ်  (ရေး)