မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲပေး

မန္တလေး   ၃၁   အောက်တိုဘာ

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၂၈)ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုးအဘွားများက ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၈ နာရီက စတင်၍ အဆိုပါ ဘိုးဘွားရိပ်သာ အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုး(၁၄)ဦး၊ အဘွား(၅၈)ဦး စုစုပေါင်း(၇၂)ဦးနှင့် ဘိုးဘွားရိပ်သာ ဝန်ထမ်းများ၏ မိဘများဖြစ်ကြသော အသက်(၆၀) နှစ်နှင့် အထက်ရှိသူ  အမျိုးသား (၃)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း (၈)ဦး တို့ကို ဆန္ဒမဲပေးနိုင်ရန်အတွက် ဥပုသ်တော်ရပ်ကွက် ကြိုတင်ဆန္ဒမဲ ကောက်ယူရေးအဖွဲ့များက ဘိုးဘွားရိပ်သာအတွင်း သွားရောက်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)