မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပသို့ သရက်သီးတိုက်ရိုက်တင်ပို့နိုင်မယ့် CARGO WAREHOUSE OPERATION ဖွင့်လှစ်

mdn

မန္တလေး ၉ မေ 

 

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ သရက်သီး တိုက်ရိုက်တင်ပို့နိုင်မယ့် Cargo Warehouse Operation ကို ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။

 

Cargo Warehouse Operation ကို မတ်လ ၂၆ ရက်က စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး သရက်သီးအပြင် အခြား သစ်သီးဝလံများကိုလည်း တိုက်ရိုက်တင်ပို့နိုင်မည်ဖြစ်သည်။

 

ပြည်ပကို တင်ပို့မည့် သစ်သီးများအား Cargo Warehouse Operation တွင် ထားရှိနိုင်ကာ ၂ နာရီအတွင်း လေယာဉ်ဖြင့် တင်ပို့မည်ဖြစ်သည်။

 

"အရင်ကဆိုရင်တော့ မန္တလေးကနေ ရန်ကုန်ကို ကားနဲ့တင်ပြီးမှ ရန်ကုန်ကတစ်ဆင့် ပြည်ပကို ပို့ရတာ။ အခုဒီလို တိုက်ရိုက်ပို့နိုင်ပြီဖြစ်တဲ့အတွက် အချိန်လည်း မကုန်တော့ဘူးပေါ့" ဟု မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံဖြိုးတိုးတက်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးကျော်စိုးနိုင်မှ ပြောသည်။

 

မန္တလေးမှ တစ်ဆင့် တရုတ် ၊ ထိုင်း ၊ စင်္ကာပူ စသည့် နိုင်ငံများအား တိုက်ရိုက်တင်ပို့နိုင်မည်ဖြစ်သည်။ Cargo Warehouse Operation ကို မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

 

အိမို့မို့ခိုင်