မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်း၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် ၁၀ ဇူလိုင် 

 

သစ်တောဦးစီးဌာနသည် တရားဝင်သစ်များ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ဆောင်ရွက်လျက်ရှိရာ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃ ရက်မှ ၈ ရက်အထိ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် မန္တလေး-လားရှိုးကားလမ်း သံမဏိစက်ရုံအနီး၌ HINO (၁၀)ဘီး မော်တော်ယာဉ်ပေါ်မှ တမလန်း/ ပိတောက်ဓါးရွေ ၂ ဒသမ ၃၀ဝ တန်နှင့်အတူ ပြစ်မှုကျူးလွန်သူသုံးဦး ဖမ်းဆီးရမိခဲ့သည်။

 

dfwef

 

ထို့ပြင် လွိုင်လင်မြို့နယ် မိုင်းနောင်နှင့် မိုင်းနန်းအကြားတောအတွင်း၌ မော်တော်ယာဉ်သုံးစီးနှင့််အတူ ပိတောက်ဓါးရွေ ၅ ဒသမ ဝ၄၇၄ တန်၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ရန်ကုန် - မန္တလေးအမြန်လမ်း၌ HIACE မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား သုည ဒသမ ၉၉၇၈ တန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့နယ် မြို့ရှောင်လမ်းတောစပ်၌ သုံးဘီးဆိုင်ကယ်သုံးစီးနှင့် ကျွန်း/ ကညင်ခွဲသား ၄ ဒသမ ၇၀၇ တန်တို့ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်လူမော်