မန္တလေး-မိုးကုတ်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား ယာဉ်မောင်းသေဆုံး

မတ္တရာ ၂၀ ဇူလိုင် 


ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ တံငါမြောက်ကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း တွင် ယနေ့နံနက်ပိုင်းက လမ်းခင်းကျောက်များတင်ဆောင်လာသော ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းသေဆုံးသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် (၂၆/၇နှင့်၈)ကြားအရောက်တွင်  မန္တလေးဘက်မှ မိုးကုတ်ဘက်သို့ ယာဉ်မောင်း ခိုင်မင်း(၂၆)နှစ်(ဘ) ဦးလှိုင်ဝင်း ထုံးဘိုကျေးရွာ အမရပူရမြို့နယ်နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် ဝေဖြိုးအောင်လိုက်ပါလာပြီး လမ်းခင်းကျောက်များတင်ဆောင်လာသော ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းအနောက်ဘက်ခြမ်းသို့ တိမ်းမှောက်သွားခဲ့ရာ ဝေဖြိုးအောင်မှာ ဒဏ်ရာရရှိခြင်းမရှိဘဲ ယာဉ်မောင်း ခိုင်မင်းမှာ ဒဏ်ရာများရရှိခဲ့သဖြင့်  ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခဲ့သည်။


အဆိုပါ ယာဉ်တိမ်းမှောက်မှုမှနှင့်ပတ်သက်၍ ရေနံ့သာနယ်မြေစခန်းမှ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


စိုးကျော်သူထွေး(မတ္တရာ)