မန္တလေး-မုံရွာကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား

စစ်ကိုင်း ၄ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပြူကံရပ်ကွက်၊ မန္တလေး-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၁၅/၃)တွင် ယနေ့နံနက် ၇ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနှင့် စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့သည်။

 

‌ေ

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ စုစုပေါင်း(၁၃)ဦးခန့်အနက် ကျား(၁)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ယာဉ်မောင်းမှာ သေဆုံးသွားခဲ့ရာ အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် စစ်ကိုင်းမြို့ ခုတင်(၂၀ဝ)ဆံ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

MDN