မန္တလေးဗဟိုအမျိုးသမီးဆေးရုံတွင် လစဉ်သွေးအလုံး ၆၀ဝ ခန့် လိုအပ်လျက်ရှိ

မန္တလေး ၂ ဇွန်

 


မန္တလေးဗဟိုအမျိုးသမီးဆေးရုံတွင် လစဉ်သွေးအလုံး ၆၀ဝ ခန့် လိုအပ်ကြောင်း အဆိုပါဆေးရုံမှ သိရသည်။ 

 


မန္တလေးဗဟိုအမျိုးသမီးဆေးရုံတွင် အမျိုးသမီးနှင့် သက်ဆိုင်သော ရောဂါများ ကုသပေးနေပြီး အရေးပေါ် သွေးလိုအပ်ချက်တွေများကြောင်း သိရသည်။

 


"သားဥပြွန်သန္ဓေတည်တာဆိုရင် အရေးပေါ်သွေးလိုအပ်တယ်။ ရိုးရိုးမွေးလို့သွေးသွန်တယ် ဆိုရင်လည်း အရေးပေါ်သွေးလိုအပ်တယ်။ ဒီလိုပဲ တစ်လသွေးလိုအပ်ချက်က ပျှမ်းမျှအလုံး ၆၀ဝ လောက်ရှိတယ်''ဟု မန္တလေးဗဟိုအမျိုးသမီးဆေးရုံအုပ် ဒေါက်တာစမ်းစမ်းဝေက ပြောသည်။ 

 


သွေးလိုအပ်ချက်များရှိပေမယ့် သွေးလှူရှင်အသင်းများမှ လာရောက်လှူဒါန်းခြင်း၊ မိုလ်ဘိုင်းတင်းဖြင့် သွေးအလှူခံခြင်းများရှိသဖြင့် အခက်ခဲမရှိကြောင်း သိရသည်။

 


မန္တလေးဗဟိုအမျိုးသမီးဆေးရုံသို့ သွေးလာရောက်လှူဒါန်းသူ ၅၉၀ဝ ကျော်ရှိကြောင်း သိရသည်။

 


အိမို့မို့ခိုင်