မန္တလေးခရိုင် Community Center ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် မိမိနှစ်သက်သော စာအုပ်တစ်အုပ်အကြောင်းဖတ်ရှု၍ ပြန်လည်ပြောပြသည့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာ (၁၄)ရက်၊ နံနက် ၉ နာရီခွဲက မန္တလေးခရိုင် Community Center တွင် ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောလပြည့်ဝန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို စာရေးဆရာမ ခင်ခင်ဝင်း(ပညာရေး)က ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အ.လ.က(၂၅)၊ သပြေညို ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် M.S.C ကိုယ်ပိုင် အလယ်တန်းကျောင်းတို့မှ ကျောင်းသား/သူ (၂၉)ဦးတို့က မိမိတို့နှစ်သက်သည့် စာအုပ်ကို ဖတ်ရှု၍ ပြန်လည်တင်ပြသည့် ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
  

ဒိုင်များက ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၂)ဆုကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)