မန္တလေးခရိုင်အတွင်း လျှပ်စစ်မီတာ တပ်ဆင်လိုသူများ လျှောက်ထားနိုင် ကွင်းဆင်းစစ်ဆေး၍ ငွေသွင်းပြီးမီတာများ အမြန်ဆုံး တပ်ဆင်ပေး

မန္တလေးခရိုင်အတွင်း နေထိုင်သော ပြည်သူများ လျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် မြို့နယ်များရှိ ဓာတ်အားခွဲရုံများတွင် ဗို့အားမြှင့်ထရန်စဖော်မာများ ပြောင်းလဲတပ်ဆင်ခြင်း၊ လျှပ်ကာပါ လိုင်းကြိုးများ ပြောင်းလဲတပ်ဆင်ခြင်းနှင့် ကျောက်ဆည်မြို့နယ် ဘယ်လင်း သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုးရေးရှင်းမှ တင်ဒါဖြင့် ဝယ်ယူခဲ့သည့် 5/30 အမ်ပီယာ အိမ်သုံးမီတာများ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်များသို့ ဖြန့်ခွဲပေးထားပြီးဖြစ်သည်။

 

လျှပ်စစ်မီတာများ တပ်ဆင်အသုံးပြုလိုပါက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများသို့ လာရောက်လျှောက်ထားနိုင်သည်။ မြို့နယ်မှကွင်းဆင်းစစ်ဆေး၍ သတ်မှတ်စည်းကမ်းများနှင့်  ညီညွတ်ပါက ငွေပေးသွင်းစေပြီး မီတာများ အမြန်ဆုံး တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ 

 

မောင်ပြည်သူ(မန္တလေး)