မန္တလေးခရိုင်အတွင်း တရားမဝင် သယ်ဆောင်လာသည့် ပိတောက်၊ တမလန်းဓားရွေများ ဖမ်းမိ

မန္တလေးခရိုင် သစ်တောဦးစီးဌာနနှင့် မြို့နယ်ရဲစခန်းမှ နယ်ထိန်း တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင် သစ်များ စုံစမ်းရှာဖွေ ဖော်ထုတ်ခြင်း ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက အမရပူရမြို့နယ် မှန်တန်းရပ်ကွက် ကျောင်းတိုက်ဝန်းအတွင်းမှ တရားမဝင် ပိတောက်၊ တမလန်းဓားရွေ ၁၄၆ တုံး (၇ ဒသမ ၂၈၇၈) တန် ဖမ်းဆီးရမိသဖြင့် သစ်သယ်ဆောင် ရောင်းဝယ်သူ များ စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိသည်။

 

အလားတူ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင် အတက် လမ်း(၁၆)မိုင် စစ်ဆေးရေးစခန်းတွင် ယာဉ်များအား စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယာဉ်အမှတ် MDY-9H/----(SKAT) ခြောက်ဘီး အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် တင်ဆောင်လာသည့် ပိတောက်ခွဲသား ၃၅ တုံး (၁ ဒသမ ၀၃၂) တန် ဖမ်းဆီးရမိသဖြင့် တရားမဝင် သစ်များ သယ်ဆောင် ရောင်းဝယ်သူများအား ထိရောက်စွာ အရေးယူနိုင်ရန် အုန်းချောနယ်မြေ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။  

 

မောင်ပြည်သူ(မန္တလေး)