မန္တလေးလေဆိပ်၌ ကျောက်စိမ်းအရိုင်းတုံး ၄ တုံး ဖမ်းဆီးရမိ

နေပြည်တော် ၈ နိုဝင်ဘာ

 

လေကြောင်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီခွဲခန့်က မန္တလေးလေဆိပ် ပြည်တွင်းဆိုက်ရောက် X-Ray စက် စစ်ဆေးရေးဂိတ်၌ ခန္တီးလေဆိပ်မှ မန္တလေးလေဆိပ်သို့ MNA လေကြောင်းလိုင်းဖြင့် လိုက်ပါလာသော ချမ်းမြသာစည်မြို့နယ်၊ (စ/၂၀)ရပ်ကွက်နေ ဦးသိန်းနိုင်(၄၈)နှစ်၏ ခရီးဆောင်အိတ်အား စစ်ဆေးရာ အိတ်အတွင်းမှ ကျောက်စိမ်းအရိုင်းတုံး ၄ တုံး၊ အလေးချိန် ၁၅ ပိဿာအား တွေ့ရှိ၍ စစ်မေးရာ အဆိုပါကျောက်စိမ်းတုံးများ သယ်ဆောင်မှုနှင့် ပတ်သက်၍ အထောက်အထားစာရွက်စာတမ်း တစ်စုံတစ်ရာ ပြသနိုင်မှုမရှိဘဲ ခန္တီးမြို့၊ ရွှေပြည်သာရပ်ရှိ နန်းစီဘွန်မှော်မှ ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် သိန်းနိုင်အား လေဆိပ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)