မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများ ပေးအပ်လှူဒါန်း

မန္တလေး၊  ၂၅  ဇန်နဝါရီ

 

မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက် ၁၁ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

 

ပေးအပ်လှူဒါန်းပွဲတွင် မန္တလေးမြို့ အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး(ကိုယ်စား) တာဝန်ရှိသူတစ်ဦးက ပေးအပ် လှူဒါန်းရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဒေါက်တာချစ်ကိုကို၊ ဦးဇော်မောင်မောင်နှင့် ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလရော်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများမှာ နှာခေါင်းစည်း MASK အခု ၁၀၀၀၀၊ PPE ဝတ်စုံ ၃၅၀၊ Shoe Cover အစုံ ၃၅၀၊ Face Shield အခု ၃၅၀၊ Goggles အခု ၁၀၀၊ Surgical gowns အခု ၁၀၀၊ Surgical gloves အစုံ ၂၀၀၊ Exam gloves အလုံး ၄၀ နှင့် Bed Sheet အခု ၄၀၀ တို့ ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)