မန္တလေးမြို့၌ (၄၂)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲတွင် စက်ဘီးစီးအားကစားသမား ၉၅၀ ကျော် ပါဝင်ဆင်နွှဲခဲ့

mdn

မန္တလေး ၃၀ နိုဝင်ဘာ

 

စက်ဘီးစီးအားကစားနည်းကို ပြည်သူလူတုတစ်ရပ်လုံး စိတ်ပါဝင်စားလာစေရန်၊ စက်ဘီးစီးနည်းခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနတို့က ကြီးမှူးကာ လစဉ်နောက်ဆုံးပတ်တွင် ကျင်းပလျက်ရှိရာ (၄၂)ကြိမ်မြောက် လူထုစု‌ပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့ စုရပ်‌နေရာ၌ ကျင်းပခဲ့သည်။

 

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးနှင့် ဌာနဆိုင်ရာများ၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး ဦးခင်ဇော်နှင့် အား/ကာ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်အားကစားမှူးများနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်မြို့တို့မှ စက်ဘီးစီး ကလပ်အသင်းများမှ စက်ဘီးအားကစားသမားများ၊ အားကာသိပ္ပံမှ စက်ဘီးစီးသမားများ၊ ကျောင်းသားကျောင်းသူများ သက်ကြီး၊ သက်လတ်၊ သက်ငယ်စက်ဘီးစီး အားကစားဝါသနာရှင်ပြည်သူများ ဝန်ထမ်းများ စုပေါင်းစက်ဘီးစီးနင်း ပါဝင်ဆင်နွှဲခဲ့ကြသူများသည်။

 

ယင်းနောက် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က အချက်ပြ သေနတ်ပစ်ဖေါက်၍ တာလွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် စက်ဘီးစီးအဖွဲ့ဝင် ၉၅၀ ကျော်တို့သည် စုရပ်နေရာမှ ၂၆ လမ်းအတိုင်း ၈၂ လမ်းသို့ ထိုမှ ၃၈ လမ်း၊ ၇၃ လမ်း၊ ထိုမှလမ်း ၃၀ မှ ၇၁ လမ်းအတိုင်း မြို့ပတ်၍ ၂၆ လမ်းသို့ ထိုလမ်းအတိုင်းမြို့ပတ်၍ ၂၆ လမ်းကျုံးတောင်ဘက် တာလွှတ်စုရပ်နေရာအထိ စက်ဘီးစီးနင်းကြပြီး ပျော်ရွှင်စွာစုပေါင်းဆင်နွှဲ၍ ပြန်လည်ပန်းဝင်ရောက်ရှိလာကြကာ ကိုယ်လက်လှုပ်ရှားကြံ့ခိုင်မှု လေ့ကျင်းခန်းများ ပြုလုပ်ကြကြောင်း သိရသည်။

 

အဆိုပါ ပြည်သူလူထု စုပေါင်းစက်ဘီးစီးနင်းပွဲကို လစဉ်လ၏နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပလျက်ရှိရာ မည်သူမဆို အကန့်အသတ်မရှိ မည်သည့်စက်ဘီးနှင့်မဆို ပါဝင်စီးနင်းဆင်နွှဲနိုင်ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)