မန္တလေးမြို့တွင် ဆိုင်ကယ်များထားသည့် ဂိုဒေါင်  မီးလောင်မှုဖြစ်ပွား

မန္တလေး ၂  သြဂုတ်


မန္တလေးမြို့ ၇၀ × ၇၁ လမ်း ဇော်ဂျီလမ်းရှိ ဆိုင်ကယ်များထားသည့် ဂိုဒေါင်တစ်ခု ယနေ့ နေ့လယ် ၁၁ နာရီခွဲအချိန်က Level 3 အဆင့်ရှိ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။


မီးလောင်မှု အကြောင်းအရင်းကို မသိရှိရသေးသော်လည်း မီးသတ်ကားစီးရေ ၃၀ ခန့်နှင့် မီးသတ်အင်အား ၁၀ဝ ခန့် မီးငြှိမ်းသတ်ခဲ့ရကာ ၁၁ နာရီ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


သတင်းနှင့် ဓါတ်ပုံ - သူရိန်လင်း