မန္တလေးမြို့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ ကျင်းပမည်

မန္တလေး   ၂၅   ဇွန်

           

(၃၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်နေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲနှင့် ဓာတုပစ္စည်းများ မြေမြှုပ် စွန့်ပစ်ဖျက်ဆီးခြင်းကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင် အားကစားကွင်းနှင့် ပုသိမ်ကြီးမြို့နယ် ကြာနီကန် အေးရိပ်ငြိမ်တွင် ဇွန် ၂၆ ရက် နံနက် ၉ နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ  ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲနှင့် ဓါတုပစ္စည်းများ မြေမြှုပ် စွန့်ပစ်ဖျက်ဆီးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်စသည့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများနှင့် အလယ်ပိုင်းဒေသများရှိ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး (၂၆) မျိုးအား အောင်မြေသာစံ မြို့နယ်ရှိ ရွှေမန်းတောင် အားကစားကွင်း၌ မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ပြီး  ဓာတုပစ္စည်း (၁၇) မျိုးအား ပုသိမ်ကြီးမြို့နယ် ကြာနီကန် အေးရိပ်ငြိမ်တွင် မြေမြှုပ်စွန့်ပစ်ဖျက်ဆီးခြင်းကို အသီးသီးကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)